0 Shares 70 Views

Rovio က game studio အသစ်ကို London မှာ ဖွင့်မည်

Jan 16, 2017
0 70

ကမ္ဘာကျော်မိုဘိုင်းဂိမ်းတွေနဲ့ animation တွေကိုဖန်တီးထုတ်လုပ်နေတဲ့ ဖင်လန်နိုင်ငံအခြေစိုက် Rovio က ဂိမ်းအသစ်တွေ ထပ်မံ ဖန်တီးထုတ်လုပ်ဖို့အတွက် ဂိမ်း စတူဒီယို အသစ်တစ်ခုကို လန်ဒန်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။

အခုလို studio အသစ်ဖွင့်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ Angry Birds Brand နဲ့ လုံးဝမတူဘဲ ကွဲထွက်တဲ့ ဒီဇိုင်းပုံစံတွေနဲ့ multiplayer online game တွေကို ဖန်တီးချင်တာပဲဖြစ်ပါတယ်။

Rovio ကို အောင်မြင်စေခဲ့တဲ့ အဓိက ဂိမ်းကတော့ Angry Birds ဖြစ်ပြီး ဂိမ်းတင်မက Angry Birds ရဲ့ Animation Movie တွေကလည်း တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၆) တုန်းက ထွက်ရှိခဲ့တဲ့ Angry Birds movie ကို ကမ္ဘာအနှံ့မှာပြသခဲ့ပြီး ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၃၈၀) ကျော်အထိ ရရှိခဲ့ပါတယ်။

အခုအသစ်ဖွင့်မယ့် လန်ဒန်က Studio အသစ်ကို Rovio ရဲ့ in-house studio (၄) ခုနဲ့ချိတ်ဆက်ထားမှာဖြစ်ပြီး မြောက်များစွာသော external studio တွေနဲ့ပါ ချိတ်ဆက်မှာဖြစ်ပါတယ်။  In-house studio တွေကတော့ ဖင်လန်နိုင်ငံတွင်းက စတူဒီယို(၃)ခုနဲ့ ဆွီဒင်နိုင်ငံ Stockholm မြို့တွင်းက စတူဒီယိုတစ်ခု တို့ဖြစ်ပါတယ်။

Rovio ရဲ့ ပရိတ်သတ်တွေအနေနဲ့ကတော့ ထပ်မံထွက်ရှိလာမယ့် ဂိမ်းအသစ်တွေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ရမှာပဲ ဖြစ်ပါတယ်။

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category