1 Shares 698 Views

Telenor ၏ စိတ်ကြိုက် အစီအစဉ် (၂၄) ရက်နေ့တွင်ကုန်ဆုံးမည်

Jan 16, 2017
1 698

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ လူကြိုက်အများဆုံး ၀န်ဆောင်မှု အစီအစဉ်ဖြစ်သည့် စိတ်ကြိုက် အစီအစဉ် စာရင်းသွင်းရယူအသုံးပြုမှု အသစ်များကို ယခုလ ၂၃ ရက်နေ့ ည ၂၃:၅၉:၅၉ နာရီ နောက်ဆုံး ထား၍ သာ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

တယ်လီနော အနေဖြင့်  Facebook နှင့် Viber အခမဲ့ အသုံးပြုနိုင်သည့် စိတ်ကြိုက် အစီအစဉ်ကို ပြီးခဲ့သည့် (၂၀၁၆) ခုနှစ် ဇွန်လ အကုန်က မိတ်ဆက်ပေးခဲ့ပြီး တယ်လီနော ၏ သုံးစွဲသူအများဆုံး အစီအစဉ် တစ်ခုလည်းဖြစ်သည်။

“စိတ်ကြိုက် အစီအစဉ်ကို နှစ်ချိုက်စွာသုံးစွဲနေကြတာကို ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်ဝမ်းသာ အသိအမှတ်ပြုမိပြီး အခုလိုအစီအစဉ်ကို လူကြိုက်များတာဟာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ လူမှုကွန်ရက်တွေကို ဘယ်လောက် နှစ် ချိုက် ကြတယ်ဆိုတာကို သက်သေပြနေပါတယ်။ တယ်လီနောဟာ သုံးစွဲသူတွေအတွက် စိတ်ဝင်စားစရာကောင်းပြီး ထူးခြားဆန်းသစ်တဲ့ ၀န်ဆောင်မှုသစ်တွေကိုလည်း ပေးအပ်နေဖို့ အစဉ်မပြတ် အားထုတ်နေပါတယ်။ ‘စိတ်ကြိုက်’ အစီအစဉ်ကို မရယူထား ရသေးသူအနေနဲ့လည်း သုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ ‘စိတ်ကြိုက်’ သုံးစွဲသူ အထူး ကလပ်ထဲမှာ ပါဝင်နိုင်စေဖို့ အမြန်ဆုံး စာရင်းသွင်း ရယူထားနိုင်ကြပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ စာရင်းသွင်းလိုသူများအနေဖြင့် *979*3*4# ကိုဖုန်းခေါ်ဆို၍ ၀န်ဆောင်မှုကို ရယူထားနိုင် ပါသည်။ ‘စိတ်ကြိုက်’ကို စာရင်းသွင်းထားပြီး ဖြစ်ပြီး လက်ရှိ အသုံးပြုနေကြသည့်သူများ သည်လည်း ဖုန်းကတ်ကို ပုံမှန် ငွေဖြည့်နေခြင်းဖြင့် ‘စိတ်ကြိုက်’၏ ၀န်ဆောင်မှု အစီအစဉ်များ ကို ဆက်လက်ရရှိနေမည် ဖြစ်ပြီး နေ့စဉ် (၁၅၀) မီဂါဘိုက်ကို အခမဲ့ရရှိနေမည်ဖြစ်ကြောင်း သိရသည်။

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares21 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Most from this category