0 Shares 97 Views

“ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” ကို ဒုတိယအကြိမ်မြောက် ထပ်မံဝန်ဆောင်

Jan 16, 2017
0 97

 

 Huawei က ရန်ကုန်မြို့တွင်းရှိ သုံးစွဲသူများထံအရောက် ဝန်ဆောင်မှုပေးမယ့် ဒုတိယအကြိမ်မြောက် “ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” ဝန်ဆောင်မှုကို စတင်လိုက်ပါပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၅) ရက်နေ့က ကြေညာလိုက်ပါတယ်။

Huawei ရဲ့ ဒုတိယအကြိမ် “ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” ဝန်ဆောင်မှုကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ သာကေတ စတဲ့ မြို့နယ် (၈) မြို့နယ်မှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Huawei ရဲ့ “ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” ဝန်ဆောင်မှုဟာ တစ်နေရာတည်းမှာပဲ Huawei စမတ်ဖုန်းတွေအတွက် အခမဲ့ software နဲ့ firmware update ပြုလုပ်ခြင်းများ၊ အထွေထွေ စမတ်ဖုန်းသန့်စင်ခြင်းများ၊ ဖုန်းအားသွင်းပေးခြင်းများနဲ့ အခြားလိုအပ်တဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်မှာဖြစ်ပါတယ်။

“Huawei ရဲ့ ပထမဆုံးပွဲဦးထွက် “ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” ဝန်ဆောင်မှု ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ကနေ (၁၇) နေ့အထိ ပဲခူး၊ တောင်ငူ၊ မိတ္ထီလာ၊ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန်း၊ ပင်လောင်း၊ ရမည်းသင်း၊ ဖြူး၊ လှည်းကူး စတဲ့ မြို့ (၁၄) မြို့မှာ သွားရောက် ပေးအပ်ခဲ့ပြီး သုံးစွဲသူများရဲ့ စိတ်ကျေနပ်မှုနဲ့ အခြားသုံးစွဲသူများရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို ဒုတိယအကြိမ် ဝန်ဆောင်မှုပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ Huawei Device Myanmar ရဲ့ Service Director၊ ဒေါ်ချစ်ယုလှိုင်က ပြောကြားခဲ့ပါတယ်။ “ဒါ့အပြင် ပထမအကြိမ် ရွေ့လျားဝန်ဆောင်မှုပေးအပ်နေတဲ့အချိန်အတွင်းမှာပဲ သုံးစွဲသူအချို့က ၎င်းတို့နေထိုင်ရာမြို့တွေကိုလည်း လာရောက်ပါလို့ ဖိတ်ခေါ်တာတွေကို တွေ့ရှိရတဲ့အတွက် ဝမ်းမြောက်မိသလို ကျေးဇူးလည်းတင်ရှိပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံအနှံ့က သုံးစွဲသူတွေထံအရောက် သွားရောက်ဝန်ဆောင်မှု ပေးသွားမှာပါ” လို့လည်း ထပ်မံဖြည့်စွက်ပြောကြားသွားပါတယ်။

Huawei ဝန်ဆောင်မှုစင်တာ (၁၆) ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊  မြစ်ကြီးနား၊ တောင်ကြီး၊ ၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ကလေး၊ မြိတ်မြို့တို့မှာဖွင့်လှစ်ထားပြီး မကြာမီ အချိန်အတွင်း မကွေး၊ လားရှိုး ၊ စစ်တွေ မြို့တို့မှာ ထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ Huawei ရဲ့ “ပြုပြင်ရွေ့လျား Huawei ကား (Huawei Service on the Wheel)” အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Huawei Mobile Myanmar Hotline ဖုန်းနံပါတ် ၀၁ ၉၀၀၀၉၀၀  ကို မနက် ၈ နာရီမှ ည ၈ နာရီအထိ နေ့စဉ် စုံစမ်းမေးမြန်းနိုင်ပြီး ပြုပြင်ရွေ့လျား Huawei ကား ၀န်ဆောင်မှု ဖုန်းနံပါတ် ၀၉ ၄၅၅၃၆၆၆၅၂ ကိုလည်း ဆက်သွယ်စုံစမ်းနိုင်မယ့်အပြင် Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာမှာလည်း ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

 

ဇန်နဝါရီလ ၁၄ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုပြင်ရွေ့လျား Huawei ကား  (Huawei Service on the Wheel)” အချိန်စာရင်း

နေ့စွဲ မြို့နယ် နေရာ အချိန်
14th Jan မင်္ဂလာဒုံ မင်္ဂလာဒုံဈေးအနီး မနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂း၀၀) နာရီ
ထောက်ကြန့် Huawei Showroom အနီး နေ့လည် (၂း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ
15th Jan မြောက် ဥက္ကလာ ကန်သာယာလမ်းအနီး မနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂း၀၀) နာရီ
တောင် ဥက္ကလာ Mobile Brother ဖုန်းဆိုင်အနီး နေ့လည် (၂း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ
21st Jan လှိုင်သာယာ New Asia Mobile ဖုန်းဆိုင်အနီး မနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂း၀၀) နာရီ
အင်းစိန် တညင်းကုန်းလမ်းဆုံအနီး နေ့လည် (၂း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ
22nd Jan သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်အနီး မနက် (၉း၀၀) နာရီ မှ နေ့လည် (၁၂း၀၀) နာရီ
သာကေတ မြို့တော်ဖုန်းဆိုင်အနီး နေ့လည် (၂း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ

 

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category