0 Shares 3401 Views

အိမ်ဖြူတော်ကို ၃၆၀ ဒီဂရီ Vritual Reality နည်းပညာဖြင့် လည်ပတ်နိုင်ပြီ

Jan 15, 2017
0 3401

၃၆၀ ဒီဂရီ Virtual Reality နည်းပညာကတော့ သင် မရောက်ဖူးတဲ့ နေရာဒေသတွေကို တကယ် ရောက်နေသလို ခံစားရစေမှာ ဖြစ်ပါတယ်။ အာကာသထဲ အလည်သွားချင်သလား ? ပင်လယ်ရေအောက် ရှုခင်းများကို ရေငုပ်ခံစားချင်သလား ? ဒါတွေအားလုံးကို VR နည်းပညာက ဖန်တီးပေးနိုင်ပါတယ်။ အခုလည်း သင် အိမ်ဖြူတော်ကို လည်ပတ်နိုင်ဖို့ VR နည်းပညာက ကူညီပေးလိုက်ပါပြီ။

မကြာခင်မှာ သက်တမ်းကုန်တော့မယ့် အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို တကယ်ရောက်နေသလို ခံစားရမယ့် ၃၆၀ ဒီဂရီ ဗီဒီယိုကို ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီဗီဒီယိုကို Oculus Rift , Gear VR , Facebook နဲ့ ၀က်ဆိုက်များမှာ ကြည့်ရှုနိုင်ပါတယ်။

အိုဘားမားက “ အိမ်ဖြူတော်ဟာ အမေရိကန် နိုင်ငံသားတိုင်း ပိုင်တဲ့ နေရာပါ။ ဒီနေရာမှာ ၈ နှစ်ကြာ ကျွန်တော့် မိသားစု နေထိုင်ခဲ့ရပါတယ်။ “ လို့ ပြောပါတယ်။ Facebook ပေါ် တင်တဲ့ အခြား ၃၆၀ ဒီဂရီ ဗီဒီယိုများလိုပဲ အိမ်ဖြူတော် ဗီဒီယိုကို နှစ်သက်ရာ ရှုထောင့်ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုဟာ ၈ မိနစ် ကြာမြင့်ပြီး သမ္မတနေအိမ်ရဲ့ အထင်ကရနေရာများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ သမ္မတရဲ့ ဘဲဥပုံ ရုံးခန်းတောင် ပါပါသေးတယ်။

ref : tech radar

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category