0 Shares 100 Views

Microsoft က AI Company ကို ၀ယ်ယူ

Jan 15, 2017
0 100

Microsoft က Maluuba ကို ၀ယ်ယူလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Maluuba ဟာ တိုရွန်တို အခြေစိုက် ကုမ္ပဏီငယ်ဖြစ်ပြီး Artificial Intelligence (AI) ကို အဓိကထား တီထွင်နေတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ဟာ AI ကို အသုံးချပြီး Speech နဲ့ Image Recognition နည်းပညာများကို တီထွင်နေတာ အတော် ခရီးရောက်နေပါပြီ။ Maluuba ကို ၀ယ်ယူခြင်းဖြင့် Machine Learning နဲ့ Writing ကို ဆက်လက်တီထွင်နိုင်မှာပါ။ “ လို့ Microsoft က ဘလော့မှာ ရေးသားထားပါတယ်။

အဲဒီနည်းပညာများကို Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana မှာ ထည့်သွင်းနိုင်ပါတယ်။ Cortana ဟာ ဥာဏ်ရည်တုနည်းပညာကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဥာဏ်ရည်တုနည်းပညာဟာ လူသားများရဲ့ ဘ၀မှာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။ အခုတောင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များဟာ စမတ်ဖုန်းများကနေ လူသားတွေရဲ့ နေ့စဉ်လူနေမှု ဘ၀များကို အဖက်ဖက်က ကူညီပေးနိုင်နေပါပြီ။

Maluuba ရဲ့ ဥာဏ်ရည်တု နည်းပညာဟာ စာသားများကို ဖတ်တဲ့အခါမှာ လူသားများရဲ့ စွမ်းရည်ကို အမှီလိုက်နိုင်ပြီး Google နဲ့ Facebook တို့ရဲ့ ဥာဏ်ရည်တု နည်းပညာများထက် သာလွန်နေတယ်ဆိုတာကို ၂၀၁၆ ခုနှစ်မှာ ပြသခဲ့ကြပြီးပါပြီ။

ref : the verge

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1111 shares128 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category