0 Shares 83 Views

Panasonic ရဲ့ စားပွဲထိုး စက်ရုပ်

Jan 15, 2017
0 83

Panasonic ရဲ့ နေအိမ်တွင်း သယ်ယူပို့ဆောင်ရေး စက်ရုပ် HOSPI ဟာ ဂျပန်ရှိ ဟိုတယ်မှာ ဧည့်သည်များကို ၀န်ဆောင်မှုပေးနေပါပြီ။ စက်ရုပ်က ဧည့်သည်များကို ရေဘူးများဖြင့် ဧည့်ခံခြင်း၊ ကားထွက်မယ့် အချိန်များကို အသိပေးခြင်းတို့ကို ပြုလုပ်ပေးမှာပါ။ စက်ရုပ်က ဇန်န၀ါရီလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ Crown Plaza Ana Narita Hotel မှာ တာဝန်ထမ်းဆောင်မှာပါ။ အဲဒီနောက်မှာ တိုကျိုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ နရီတာ လေဆိပ်မှာ တာဝန်ယူမှာပါ။ အဲဒီလေဆိပ်မှာ ၅ ရက်ကြာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

စက်ရုပ်ကို လက်ရှိမှာ ဂျပန်ရဲ့ ဆေးရုံများစွာမှာ အသုံးပြုနေပြီး ဆေးဝါးများ၊ အစားအစာများကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ စက်ရုပ်က လူထိန်းချုပ်စရာမလိုဘဲ အလိုအလျှောက် အလုပ်လုပ်နိုင်ပါတယ်။ အတားအဆီးများကို ရှောင်သွားနိုင်တဲ့ Sensors များလည်း စက်ရုပ်မှာ တပ်ဆင်ထားပါတယ်။ စက်ရုပ်မှာ စပီကာ တပ်ဆင်ထားပြီး အသိပေးကြေညာချက်များကို အသံထွက် ဖတ်ပြနိုင်ပါတယ်။

၅ ပေ အမြင့်ရှိပြီး လက်ရှိလုပ်နေတဲ့ အလုပ်အပေါ် မူတည်၍ Display ကနေ စာသားများ ပြသခြင်း၊ နှုတ်ဆက်ခြင်း၊ ပြုံးပြခြင်းများကို ပြုလုပ်နိုင်ပါတယ်။ Panasonic က အဲဒီစက်ရုပ်ကို ၂၀၀၄ ခုနှစ် ကတည်းက တီထွင်နေတာ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ဆေးရုံများအတွက် ရောင်းချပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ref : recode

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category