0 Shares 128 Views

Motorola က ဖေဖော်ဝါရီလ ၂၆ ရက် ပွဲအတွက် ဖိတ်စာများ ဝေငှ

Jan 15, 2017
0 128

Motorola က ဖေဖော်ဝါရီလ ၂၆ ရက် ပွဲအတွက် မီဒီယာများအား ဖိတ်စာများ ဝေငှလိုက်ပါတယ်။ Lenovo ၀ယ်ယူထားတဲ့ Motorola က ဖိတ်စာမှာ Moto Smartphone တစ်လုံးကို ပန်းချီဆွဲထားပြီး ဖုန်းရဲ့ အရိပ်ဟာ ဘာစီလိုနာမှ Sagrada Familia Church ပုံကို ရေးဆွဲထားပါတယ်။ Mobile World Congress (MWC) ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဘာစီိလိုနာတွင် ကျင်းပမှာ ဖြစ်တဲ့အတွက် အဲဒီပွဲမှာ Motorola က စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ ယူဆရပါတယ်။

Samsung , LG အပါအ၀င် ကုမ္ပဏီများစွာက Mobile World Congress မှာ စမတ်ဖုန်း အသစ်များ မိတ်ဆက်လေ့ရှိကြပါတယ်။ Motorola ပွဲမှာ မိတ်ဆက်မယ့် စမတ်ဖုန်းဟာ စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်နိုင်ပါတယ်။ Motorola က နှစ်တစ်နှစ်ရဲ့ နှောင်းပိုင်းတိုင်းမှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို မိတ်ဆက်လေ့ရှိလို့ ဖြစ်ပါတယ်။ ပွဲမှာ Moto G စမတ်ဖုန်း အသစ်တစ်လုံးကို ကုမ္ပဏီက မိတ်ဆက်နိုင်ပါတယ်။

Motorola က Moto Z Phone များနဲ့ တွဲဖက် သုံးနိုင်တဲ့ Moto Mods Accessories များကိုလည်း မိတ်ဆက်နိုင်ပြီး အဲဒီ Accessories များကို ၂၀၁၇ ခုနှစ်ထဲမှာပဲ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ ဘာစီလိုနာ စံတော်ချိန် ညနေ ၄ နာရီခွဲမှာ Motorola က မိတ်ဆက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ref : pocket lint

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category