0 Shares 267 Views

Android တီထွင်သူ Andy Rubin က Modular Smartphone တီထွင်နေ

Jan 15, 2017
0 267

Android Operating System ကို ပူးတွဲတီထွင်သူတစ်ဦး ဖြစ်တဲ့ Andy Rubin က ကုမ္ပဏီတစ်ခု တည်ထောင်ပြီး စွမ်းရည်မြင့် စမတ်ဖုန်းအပါအ၀င် အီလက်ထရောနစ် ပစ္စည်းများကို တီထွင်နေတယ်လို့ သတင်းထွက်လာပါတယ်။ သူ့ရဲ့ ကုမ္ပဏီကို Essential လို့ အမည်ပေးထားပြီး သူက စီအီးအို အဖြစ် ဦးဆောင်မှာ ဖြစ်ပါတယ်။

Essential က စမတ်နေအိမ်၊ မိုဘိုင်း ကိရိယာများကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေပါတယ်။ Apple iPhone 7 ကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဒီဇိုင်းအမိုက်စား စမတ်ဖုန်းတစ်လုံးကိုလည်း သူက တီထွင်နေပါတယ်။ အဲဒီဖုန်းကို ယခုနှစ်လယ်လောက်မှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ သူက ထုတ်လုပ်ဖို့အတွက် Foxconn နဲ့ ဆွေးနွေးနေပါတယ်။

အဲဒီဖုန်းဟာ Xiaomi Mi Mix လို မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်၊ တပ်နိုင်တဲ့ Modular Smartphone ဖြစ်ပါတယ်။ Camera, Processor , Battery , RAM စတဲ့ Module ခေါ် အစိတ်အပိုင်းများကို ဖြုတ်၊ တပ် လဲလှယ်နိုင်မှာ ဖြစ်တဲ့အတွက် ကင်မရာ ဒိတ်အောက်သွားရင် ဖုန်းအသစ်တစ်လုံး ၀ယ်ဖို့ မလိုတော့ဘဲ ကင်မရာအသစ်ကို အဆင့်မြှင့်နိုင်ပါတယ်။ အခြား ကုမ္ပဏီများရဲ့ အစိတ်အပိုင်းများကိုလည်း သူ့ရဲ့ဖုန်းမှာ တပ်ဆင်နိုင်ပါတယ်။

အဲဒီဖုန်းမှာ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနိုင်တဲ့ စက်လုံးပုံသဏ္ဍာန် ကင်မရာတစ်လုံးကိုလည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Display ဟာ ဖိအားကို အာရုံခံနိုင်ပါတယ်။ ဈေးနှုန်းကြီးမြင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး Android OS မောင်းနှင်မလားဆိုတာကို မသိရသေးပါဘူး။

ref : the verge

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
314 shares101 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category