0 Shares 14 Views

Galaxy S7 မှာ မျက်ကြည်လွှာနဲ့ unlock လုပ်ရတဲ့ Iris Scanner ပါဝင်မည်

Dec 28, 2015
0 14

samsung_galaxy_note_5_s_pen_official

Samsung က အသစ်ထုတ်လုပ်မယ့် စမတ်ဖုန်းဟာ ထူးခြားတဲ့ Unlock လုပ်နည်း တစ်မျိုးကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ မီဒီယာတွေဖော်ပြတဲ့ သတင်းတွေအရတော့ Samsung Galaxy S7 မှာ မျက်ကြည်လွှာစစ်ဆေးပြီးUnlock လုပ်ရတဲ့ Iris Scanner ပါဝင်မယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

Galaxy S7 စမတ်ဖုန်းရဲ့ ဈေးနှုန်းဟာ ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာအတိအကျ မပြောနိုင်သေးပေမယ့် S7 ဟာ Galaxy S6 ထက်တော့ ဈေးကြီးမှာသေချာတယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလနဲ့ သတင်းတွေအရတော့ Galaxy S7 ဟာ အခြား Android ဖုန်းတွေမှာ မတွေ့ရနိုင်တဲ့ အခြား လုပ်ဆောင်ချက်ပေါင်းများစွာ နဲ့ တည်ဆောက်ထားပြီး အမျိုးအစား ၄ မျိုး ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ အဲဒီအမျိုးအစား ၄ မျိုးကတော့ Galaxy S7 ၊ Galaxy S7 Plus ၊ Galaxy S7 Edge နဲ့ Galaxy S7 Edge Plus တို့ပဲဖြစ်ပါတယ်။

အရင်ထွက်ပေါ်ထားတဲ့ သတင်းတစ်ရပ်အရလည်း Galaxy S7 ဟာ ဖိအားတဲ့ ခံနိုင်တဲ့ မျက်နှာပြင် တစ်မျိုးကို ထည့်သွင်းထားမှာ ဖြစ်ပြီး ထိုမျက်နှာပြင်ဟာ iPhone 6s နဲ့ iPhone 6s Plus တို့မှာပါဝင်ခဲ့တဲ့ 3D Touch ဟာ့ဒ်ဝဲ နဲ့ဆင်တူတယ်လို့လည်း သိရပါတယ်။

Ref : Gadgets 360

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Leave a Comment

Most from this category