0 Shares 63 Views

အသက်အရွယ်ကြီးသူများကို အကူအညီပေးမယ့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်

Jan 15, 2017
0 63

အသက်အရွယ်ကြီးသူများအတွက် အဖော်စက်ရုပ်များကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ ဒီတစ်ခါမှာတော့ အိုမင်းမစွမ်းသူများအတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပေါ်လာပါပြီ။ ElliQ လို့ အမည်ပေးထားပြီး သူ့ရဲ့ ဒီဇိုင်းကတော့ အဖြူရောင် စက်ရုပ်ပုံလေး ဖြစ်ပါတယ်။ သူ့မှာ ဥာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး လူကြီးများ သူတို့ရဲ့ မြေးများ၊ မိတ်ဆွေများနဲ့ Video Chat နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဆေးသောက်ဖို့ အချိန်ကိုလည်း သူက သတိပေးနိုင်ပါတယ်။ အဲဒီအလုပ်များကို လုပ်ဖို့ သူ့ကို အသံဖြင့် အမိန့်ပေးလိုက်ရုံပါပဲ။

သူ့ရဲ့ စွမ်းဆောင်ရည်ဟာ လူနဲ့ ဆက်သွယ်စကားပြောရာမှာ Amazon Echo ထက် ပိုမို ကောင်းမွန်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ချက် သရုပ်ပြ ဗီဒီယိုမှာ ElliQ ဟာ သူ့ရဲ့ ဘေးမှာ ချထားတဲ့ iPad မှာ Video Chat ဖွင့်ပေးနေတာကို မြင်ရပါတယ်။ သခင်က တီဗီကြည့်နေတာကို သူက အာရုံခံနိုင်ပြီး တီဗီပရိုဂရမ်များကို အကြံပြုပေးနိုင်ပါတယ်။ သူက သခင်ရဲ့ ကျန်းမာရေး အခြေအနေကိုတောင် စောင့်ကြည့်တိုင်းတာပေးနိုင်ပါတယ်။ Audio Books များ အသံထွက် ဖတ်ပြခြင်း၊ သခင်နဲ့ စကားစမြည်ပြောခြင်း တို့ကိုလည်း သူက ပြုလုပ်နိုင်ပါတယ်။

ElliQ ကို လက်ရှိမှာ ရောင်းချဦးမှာ မဟုတ်ဘူးလို့ Ventue Beat က ရေးသားထားပါတယ်။ တီထွင်သူများက San Francisco Bay Area အနားမှ အသက်အရွယ်ကြီးသူများရဲ့ နေအိမ်များမှာ စက်ရုပ်ကို လာမယ့်လမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။

ref : pcmag

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category