1 Shares 547 Views

Facebook Messenger ကနေ SMS ဖတ်ရှု၊ ပေးပို့နည်း

Jan 15, 2017
1 547

Facebook က Messenger ကို ပင်မ Facebook App ကနေ ခွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Messenger ကို သီးခြား အသုံးပြုစေချင်တဲ့ သဘောပါ။ Messenger ရဲ့ စွမ်းဆောင်ချက်တွေကိုလည်း ဒီထက် ပိုမို ကောင်းအောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ပါတယ်။ အမေရိကန်မှာ Messenger ကနေ ငွေလွှဲနိုင်ပါပြီ။ Messenger အတွက် Bot တွေကို Developer များ ဖန်တီးနိုင်မယ့် ပလက်ဖောင်းကိုလည်း မိတ်ဆက်ခဲ့ပြီးပါပြီ။ စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေ မေးမြန်းတာကို လူကိုယ်တိုင် ဖြေစရာမလိုတော့ဘဲ စက်ရုပ်တွေကို ဖြေခိုင်းနေပါပြီ။ CNN ရဲ့ Messenger Bot ကို ဖတ်ချင်တဲ့ သတင်း ရှာခိုင်းလို့ရပါပြီ။ Facebook က Messenger ကနေ SMS ပေးပို့၊ ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှ SMS App ကို ထိစရာမလိုတော့ပါဘူး။

၁။ Messenger ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်စွန်းမှ လူပုံ အိုင်ကွန်ကို နှိပ်ပါ။
1
၂။ SMS ထဲသွားပါ။
2
၃။ SMS in Messenger ရဲ့ ညာဘက်ဘေးမှ Slider ကို တစ်ချက်နှိပ်ပြီး On ပေးပါ။ ဒီလိုလုပ်ပြီးရင်တော့ သင့်ဖုန်းဆီ SMS, MMS များ ၀င်လာရင် Facebook Messenger ကနေ ဖတ်နိုင်ပါပြီ။ Facebook Messenger ကနေလည်း SMS, MMS များ ပို့နိုင်ပါပြီ။ Default SMS app ကို On ပေးရင် Messenger ကို SMS အတွက် Default App အဖြစ် သတ်မှတ်ပေးမှာပါ။
3
ref : how to geek

You may be interested

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ

Ko Thuya - Sep 26, 2018

Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
26 shares10 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
38 shares57 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

Most from this category