0 Shares 51 Views

Google Maps ကနေ Uber တက္ကစီ ငှားနိုင်ပြီ

Jan 14, 2017
0 51

စမတ်ဖုန်းကနေ တက္ကစီ ငှားနိုင်အောင် ၀န်ဆောင်မှု ပေးထားတဲ့ Uber ကုမ္ပဏီက Google Maps ကနေ တက္ကစီ ငှားနိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်းမှာ Uber App ကို ထည့်သွင်းထားခြင်း မရှိရင်တောင် အဆင်ပြေမှာ ဖြစ်ပါတယ်။

“ သင့်ရဲ့ Uber အကောင့်ကို Sign In ၀င်လိုက်တာနဲ့ Uber တက္ကစီကို ငှားရမ်းနိုင်ပါပြီ။ သင့်ရဲ့ ယာဉ်မောင်းကိုလည်း မြေပုံပေါ်ကနေ ခြေရာခံနိုင်ပါတယ်။ အားလုံးကို Google Maps ကနေ ပြုလုပ်နိုင်ပါတယ်။ “ လို့ Google ရဲ့ Senior Product Manager ဖြစ်သူ Sara McKinley က ဘလော့မှာ ရေးသားထားပါတယ်။

Google Maps မှာ သင်သွားမယ့် လမ်းခရီးအတွက် ကြာမြင့်ချိန်ကိုလည်း ပြသထားပါတယ်။ ယခု စွမ်းဆောင်ချက်အသစ်ကို iOS နဲ့ Android တို့ရဲ့ Google Maps မှာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးနေပါတယ်။ ယခင်ကတော့ Google Maps မှာ Uber တက္ကစီ ငှားရမ်းရင် ကုန်ကျမယ့် စားရိတ်ကိုသာ သိရှိနိုင်တာ ဖြစ်ပါတယ်။ အခုတော့ ငွေပေးချေမှုနဲ့ ကားငှားဖို့ အတည်ပြုမှုများအတွက်ပါ Google Maps ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ref : mac rumors

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
45 shares15 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
177 shares41 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
641 shares164 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Most from this category