0 Shares 46 Views

Tesla က အီလက်ထရစ်ကား ဘက်ထရီ အားသွင်းခြင်းအတွက် ငွေကောက်ခံမည်

Jan 14, 2017
0 46

Tesla က မြောက်အမေရိက ၊ ဥရောပနဲ့ အာရှရှိ အဝေးပြေးလမ်းမများပေါ်မှာ သူ့ရဲ့ အီလက်ထရစ်ကားများအတွက် ဘက်ထရီ အားသွင်းစက်များကို တည်ဆောက်ပေးထားပါတယ်။ အဲဒီဝန်ဆောင်မှုကို အခမဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အခုတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ကားဝယ်ယူတဲ့ ဖောက်သည်အသစ်များအတွက် အားသွင်းခကို ကောက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ အီလက်ထရစ်ကား ၀ယ်ယူသူများအတွက် 400kWh ပမာဏကို နှစ်စဉ်တိုင်းမှာ အခမဲ့ အားသွင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပမာဏဟာ မိုင် ၁၀၀၀ မောင်းနှင်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီပမာဏ ကျော်လွန်ရင်တော့ အားသွင်းတဲ့ နိုင်ငံအလိုက် အားသွင်းခကောက်ခံမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ပြည်နယ်အလိုက် အားသွင်းခ ကွာခြားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ 60kW အောက် အားသွင်းခအတွက် တစ်မိနစ်လျှင် ၀.၀၈ ဒေါ်လာ နဲ့ 60kW အထက် အားသွင်းခအတွက် ၀.၂၄ ဒေါ်လာ ကောက်ခံမှာ ဖြစ်ပါတယ်။ အချို့ ပြည်နယ်များမှာတော့ kWh ပမာဏအလိုက် ကောက်ခံမှာ ဖြစ်ပါတယ်။ ငွေပေးချေမှု အားလုံးကို ခရက်ဒစ်ကဒ်ဖြင့် ပေးချေရမှာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ အားသွင်းတဲ့ မှတ်တမ်းကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၅ ရက်နေ့ မတိုင်ခင်မှာ Tesla ကားကို ၀ယ်ယူရင်တော့ တစ်သက်တာလုံး အားသွင်းခ ပေးစရာ မလိုပါဘူး။

ref : tnw

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category