Samsung စမတ်ဖုန်းတွေမှာ ဝက်ဘ်ဆိုဒ်ကကြော်ငြာတွေ ပြသလို့မရအောင် တားဆီးနိုင်ပြီ

Samsung ရဲ့ ဖုန်းတွေမှာ တပါတည်းပါဝင်ပြီးသားဖြစ်တဲ့ ‘Internet’ browser နောက်ဆုံးဗားရှင်းကို အသုံးပြုသူတွေအနေနဲ့ ယခုအခါ ဝက်ဆိုဒ်ကြည့်ရင် ကြော်ငြာတွေ မမြင်ရအောင် တားဆီးနိုင်ပြီဖြစ်ပါတယ်။

Samsung ဟာ နောက်ဆုံးဗားရှင်း ‘Internet’ browser အသစ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Android Lollipop နှင့် အထက်အသုံးပြုသူတွေအတွက် စတင် ထုတ်ပေးခဲ့တာဖြစ်ပြီး၊ ယခုနောက်ဆုံးဗားရှင်းမှာ ကြော်ငြာပိတ်အရံဆော့ဖ်ဝဲ (ad-blocker extension) တွေကို Internet browser ထဲ သွင်းထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းထွက်ပြီး သိပ်မကြာခင်မှာပဲ နာမည်ကျော်ကြောငြာပိတ် extension တွေဖြစ်တဲ့ Adblock Fast နဲ့ Crystal တို့ကလည်း Samsung ဖုန်းတွေအတွက် အသုံးပြုနိုင်တဲ့ extension တွေကို အလျင်အမြန်ထုတ်ပေးခဲ့ပါတယ်။

အင်တာနက်ဝက်ဆိုဒ်တွေဝင်ကြည့်ချိန်မှာ ကြော်ငြာတွေမပြသအောင်တားဆီးနိုင်တဲ့အတွက်၊ ဝက်ဆိုဒ်စာမျက်နှာတွေဖွင့်ရာမှာ ပိုမိုမြန်ဆန်လာမှာ ဖြစ်သလို၊ ဒေတာသုံးစွဲမှု နဲ့ ဘက်ထရီအားသုံးစွဲမှုတို့လည်း ပိုနည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့စက်တင်ဘာလက iOS 9 ထွက်ရှိချိန်မှာ Apple က ကြောငြာတွေမပြသအောင်တားဆီးနိုင်တဲ့ ad-blockers တွေကို Safari browser မှာ သွင်းလို့ရအောင် ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်းမှာ Samsung ကလည်း အလားတူလိုက်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC, The Verge

 

%d bloggers like this: