0 Shares 102 Views

Panasonic က Toughpad FZ-A2 Tablet ကို မိတ်ဆက်

Jan 14, 2017
0 102

Panasonic က အကြမ်းခံတဲ့ တက်ဘလက် အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Panasonic FZ-A2 လို့ အမည်ပေးထားပြီး အကြမ်းခံသလို ဈေးနှုန်းကလည်း ဒေါ်လာ ၂၁၈၉ ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်ဟာ ၀ိုင်ဖိုင်ကိုသာ ထောက်ပံ့ပါတယ်။

Panasonic က စက်ရုံ လုပ်သားများ၊ မိုင်းတူးသူများ တို့လို အလုပ်ကြမ်းများ လုပ်နေရသူများအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ စစ်တပ်အဆင့် အကြမ်းခံနိုင်တဲ့ စံနှုန်း ရှိပြီး IP65 စံနှုန်းရှိတဲ့ အတွက် ရေနဲ့ ဖုန်မှုန့်များရဲ့ ဒဏ်ကို ခံနိုင်ပါတယ်။

တက်ဘလက်မှာ ၁၀.၁ လက်မ WUXGA IPS Display တပ်ဆင်ထားပြီး လက်အိတ်နဲ့ အသုံးပြုရင်တောင် အဆင်ပြေပါတယ်။ နေရောင်အောက်မှာ စာဖတ်လို့ကောင်းအောင်လည်း ဖန်တီးထားပါတယ်။ Intel Atom Z8550 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်းမှာ ၉ နာရီ ဖြစ်ပါတယ်။ USB-C Port တပ်ဆင်ထားတဲ့အတွက် အားသွင်းရာမှာ လျှင်မြန်ပါတယ်။

စီးပွားရေး လုပ်ငန်းသုံးဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် Barcode Reader နဲ့ Smartcard Reader တို့လည်း ထည့်သွင်းပေးထားပါတယ်။ ပရော်ဖက်ရှင်နယ် သမားများအတွက် ရည်ရွယ်ထားတာကြောင့် ဈေးနှုန်း ကြီးမြင့်ရခြင်း ဖြစ်ပါတယ်။

ref : gsm arena

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category