0 Shares 154 Views

စက်ရုပ်ကားများ တောင်ကိုရီးယားတွင် ပြေးဆွဲမည်

Jan 14, 2017
0 154

တောင်ကိုရီးယား နိုင်ငံဟာလည်း စက်ရုပ်ကား နယ်ပယ်ကို ခြေချလာပါပြီ။ ယခုနှစ်လယ်ပိုင်းမှာ အများသုံးလမ်းမများမှာ စက်ရုပ်ကားများကို စတင် စမ်းသပ်ဖို့ တောင်ကိုရီးယာ အင်ဂျင်နီယာများက စီစဉ်ထားပါတယ်။ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပညာရှင်များက သူတို့ရဲ့ စက်ရုပ်ကားကို SNUber လို့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက အမည်ပေးထားခဲ့ပါတယ်။ ကျောင်း ပရ၀ုဏ်များမှာ စမ်းသပ်ပြီးပြီ ဖြစ်ပြီး ယခုအခါ အများသုံး လမ်းမများမှာ စမ်းသပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တောင်ကိုရီးယား အာဏာပိုင်များကလည်း စက်ရုပ်ကားများကို အများသုံး လမ်းမများမှာ စမ်းသပ်ဖို့ မကြာခင်က ခွင့်ပြုခဲ့ပြီးပါပြီ။

ကျောင်းပရ၀ုဏ်မှာ စမ်းသပ်တဲ့အခါမှာ ကားပေါ်မှာ အင်ဂျင်နီယာ ၂ ဦး လိုက်ပါလာခဲ့ပြီး စက်ရုပ်ကားဟာ မီးပွိုင့်အချက်ပြမှုများကို စည်းကမ်းလိုက်နာနိုင်ခဲ့ပြီး လမ်းဖြတ်ကူးသူများ၊ အရှေ့မှ ကားများနဲ့ နီးကပ်တဲ့ အချိန်များ၊ ဘတ်စ်ကားများကို ရှောင်ကွင်းမောင်းနှင်နိုင်ခဲ့ပါတယ်။ ကား ၂ ထပ်ရပ်နားထားတာတွေနဲ့ ဘယ်ကွေ့ ၊ ညာကွေ့တဲ့ အခါများမှာလည်း အန္တရာယ်ကင်းအောင် မောင်းနှင်နိုင်ပါတယ်။ တောင်ကိုရီးယားမှ အင်ဂျင်နီယာများက စက်ရုပ်ကား နည်းပညာ Level 4 ကို အောင်မြင်ဖို့ ကြိုးစားမှာ ဖြစ်ပြီး အဲဒီအဆင့်မှာ ခရီးသည်များကို အများသုံး လမ်းမများမှာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို ၂၀၂၅ ခုနှစ်မှာ အောင်မြင်စွာ တီထွင်နိုင်မယ်လို့ ပညာရှင်များက မျှော်လင့်ထားကြပါတယ်။

ပညာရှင်များက နှင်းကျတဲ့ အချိန်နဲ့ မိုးရွာတဲ့ အချိန်များမှာလည်း စက်ရုပ်ကားများကို စမ်းသပ်ခဲ့ပြီး ဖြစ်ပြီး ညအချိန်မောင်းနှင်မှုများနဲ့ လမ်းကြပ်တဲ့ အချိန်မောင်းနှင်မှုများကို စမ်းသပ်ဖို့ ကြိုးစားနေပါတယ်။

ref : mashable

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category