ဆက်စီ ကျတဲ့ Tencent ရဲ့ ၀န်ထမ်း ပါတီ
တရုတ် နာမည်ကြီး အင်တာနက် ကုမ္ပဏီ Tencent က သူတို့ ၀န်ထမ်းပါတီမှ ဆက်စီကျတဲ့ ဗီဒီယို တစ်ခု ထွက်ပေါ်လာခဲ့လို့ တောင်းပန်လိုက်ရပါတယ်။ ၆ စက္ကန့်ကြာတဲ့ ဗီဒီယိုမှာ အမျိုးသမီး ၀န်ထမ်းများဟာ ဒူးထောက်ပြီး အမျိုးသား ၀န်ထမ်းများရဲ့ ပေါင်ကြားမှ ပုလင်းအဖုံးကို ပါးစပ်နဲ့ ဖွင့်နေတာကို ရိုက်ကူးထားပါတယ်။
အဲဒီ ဗီဒီယိုဟာ တရုတ် လူမှုကွန်ရက်များမှာ အလွန် ရေပန်းစားသွားခဲ့ပြီး မသင့်တော်တဲ့ ဗီဒီယို တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီဗီဒီိယိုဟာ Tencent ရဲ့ QQ Messenger ဌာနမှ နှစ်စဉ်ကျင်းပတဲ့ ပါတီပွဲ ဖြစ်ပါတယ်။ Tencent ဟာ နာမည်ကျော် WeChat Messenger ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Tencent ကတော့ ဒီဗီဒီယိုဟာ မသင့်တော်ဘဲ ပါဝင်ပတ်သက်သူများကို အပြစ်ပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အဲဒီ ဗီဒီယိုဟာ တရုတ်ရဲ့ Vine Version ဖြစ်တဲ့ Miaopai မှာ စတင် ထွက်ပေါ်လာတာ ဖြစ်ပြီး လူမှုကွန်ရက်များစွာကို ပျံ့နှံ့သွားပါတယ်။ တရုတ် လူမှုကွန်ရက်များကလည်း အဲဒီ ဗီဒီယိုကို ဖျက်ခဲ့ကြပါတယ်။ ဗီဒီယိုကို Weibo မှာ တင်ထားတဲ့ User တစ်ယောက်က သူ့ရဲ့ ဗီဒီယိုကို ဖျက်ပစ်လို့ Weibo ကို အပြစ်တင်ထားပါသေးတယ်။ QQ Messenger ဌာနမှ အကြီးအကဲက သူ့ ဌာနရဲ့ အပြုအမူအတွက် Tencent ရဲ့ Weibo အကောင့်မှာ တောင်းပန်ထားပါတယ်။
ref : mashable
You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Ko Thuya - Apr 26, 2018သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Nwe Oo Thant - Apr 26, 2018[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Ko Thuya - Apr 26, 2018Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…
Most from this category
