0 Shares 235 Views

2017 ရဲ့ Samsung Brand Ambassador အကယ်ဒမီနေတိုးနှင့်တွေ့ဆုံခြင်း

Samsung  က 2017 အတွက်ရွေးချယ်လိုက်တဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ကိုနေတိုးကို သူရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ နည်းပညာအကြောင်းတွေကို အခုလိုမေးမြန်း ဖြစ်ခဲ့ပါတယ်။

Q. လတ်တလောအစ်ကိုရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါလား။
အခုရိုက်နေတဲ့ဇာတ်ကားက ရူးအောင်ချစ်မဲ့သူ ဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ အူဝဲရယ်၊ ဂူးဂူးရယ်၊ ကျွန်တော်ရယ်ပါဝင်ကြတယ်။ ဆရာမလွန်းထားထားရဲ့ဝတ္ထုပါ။ ဒါရိုက်တာကတော့ ကိုအောင်ဇော်လင်းပါ။

Q. ဒီဇာတ်ကားထဲမှာအစ်ကိုပါဝင်ရတဲ့ ကာရိုက်တာကိုပြောပြပေးပါလား။
ဒီဇာတ်ကားထဲမှာ ကျွန်တော်ပါဝင်ရတဲ့ကာရိုက်တာက ပန်းချီဆရာပေါ့နော်..၊နောက်ပြီးတော့မိဘရဲ့အမွေအနှစ် တွေလည်းအများကြီးရှိတယ်။
မိဘကတော့မရှိတော့ဘူး။ တစ်ယောက်တည်းပဲ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ရုန်းကန်ရတဲ့ ကာရိုက်တာကနေသရုပ်ဆောင်ရတာပါ။

 Q. အကယ်ဒမီနဲ့ပတ်သက်ပြီး အစ်ကိုရဲ့ရင်ခုန်သံကိုပြောပြပေးပါလား။
ဒီနှစ်ကတော့ရင်ခုန်စရာမရှိပါဘူး။နောက်နှစ်တွေမှပဲ ကျွန်တော်ရဲ့ဇာတ်ကားကောင်းတွေပါမှာဆိုတော့ ပရိတ်သတ်ကို နောက်နှစ်မှပဲ ရင်ခုန်ခိုင်းတော့မယ်။ ဒီနှစ်က သူများအတွက် ရင်ခုန်ပေးမယ့်နှစ်ပါ။

Q. ဆန်ကာတင်ထဲမှာရော အစ်ကိုဇာတ်ကားဘယ်နှကားလောက်ပါလဲ။
ဘယ်ကားတွေပါလဲတော့မသိဘူး။ ဒါပေမယ့် ကျွန်တော်အနေနဲ့ သိပ်ပြီးအားရကျေနပ်တဲ့ ဇာတ်ကားတော့ မရှိဘူး။

Q. အစ်ကို ဘယ်ဖုန်းတွေကိုင်ပါသလဲ။
ကျွန်တော်က Samsung ဖုန်းတွေကိုကိုင်ပါတယ်။ ကျွန်တော် Samsung ကို အရင်ကတည်းကသုံးတယ်။ Samsung ကို Galaxy Egde 7 ကစပြီးနောက်ပိုင်း Samsung ဖုန်းတွေကို သုံးရတာကြိုက်လာတယ်။ Samsung ဖုန်းကို နောက်ပိုင်း ဘာလို့ရွေးချယ်ဖြစ်လည်း ဆိုတော့ ကျွန်တော် အလုပ်နဲ့ပတ်သက်ပြီးတော့ Online, Facebook တွေသုံးလာတဲ့ ခေတ်မှာကြတော့ ကျွန်တော်တို့ အတွက်ပရိသတ်နဲ့ အလွယ်အကူ တွေ့ဖို့ အဆင်ပြေလာတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာလည်းအဆင်ပြေတယ်။ အခြား App တွေနဲ့ ဓာတ်ပုံပြင်တဲ့ App တွေကိုလည်း အလွယ်တကူ သုံးနိုင်တယ်။ အဲဒါကြောင့် Samsung ဖုန်းကို နောက်ပိုင်းမှာ ပိုပြီးရွေးချယ်ဖြစ်ပါတယ်။

Q. 2017 မှာ Samsung ရဲ့ Brand Ambassador အဖြစ်ရွေးချယ်ခံထားရတယ်လိုလည်းသိရပါတယ်။
Ambassador အနေနဲ့ကတော့ ကျွန်တော်က Samsung ကို အမြဲကိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် 2017 မှာ Samsung ရဲ့ Brand Ambassador အဖြစ် Samsung ကကျွန်တော်ကိုရွေးချယ်ခဲ့တာပါ။

Q. Samsung ဖုန်းတွေပဲကိုင်တယ်ဆိုတော့ သူရဲ့ Model တစ်ခုပြီးတစ်ခုကိုင်တယ်အခါမှာ ဘယ်လိုပြောင်းလဲ မှုတွေရှိသွားလဲ။
Model တစ်ခုခြင်းစီမှာတော့ ဆွဲဆောင်မှုတစ်ခုခြင်းစီရှိတယ်။ Samsung မှာကျွန်တော်တို့အများဆုံးသုံးဖြစ်တဲ့ App ကိုသုံးရတာလည်းအဆင်ပြေတယ်။ သူကပေးရတဲ့ ဈေးနှုန်းနဲ့လည်း ကိုင်ရတာတန်တာကို တွေ့ရတယ်။ ဘယ် Brand ဘယ် Model မဆို သူတန်ဖိုးနဲ့ သူရဲ့လုပ်ဆောင်ချက်၊ Quality ပိုင်းက အစ ညီမျှပြီးသားလို ကျွန်တော်ထင်တယ်။ ကျွန်တော်ကိုင်ဖူးတဲ့ Samsung ဖုန်းတွေကတော့ ကျွန်တော်အတွက်ဆွဲဆောင်မှုရှိပါ တယ်။

Q. အစ်ကိုရဲ့ဖုန်းထဲမှာ ဘယ်လို App တွေသုံးလဲ။
အဓိကကတော့ movie နဲ့ပတ်သက်တဲ့ app တွေသုံးဖြစ်တယ်။နောက်ပြီးတော့ ဓာတ်ပုံနဲ့ပတ်သက်တဲ့ App တွေသုံးဖြစ်တယ်။အဲဒါတွေကတော့ အသုံးအများဆုံးဖြစ်တယ်။ တစ်ချို့ဇာတ်ကားတွေရဲ့ Short Movie Clips လေးတွေရှိတယ်။ နောက်ပြီး သာမာန်မျက်လုံးနဲ့ရိုက်ဖို့ ခဲယဉ်းတဲ့ တစ်ချို့ဟာတွေကိုကျွန်တော်ဗီဒီယိုတစ်ကားမှာ Samsung နဲ့ Pro Movie Fan သုံးပြီးရိုက်ဖူးတယ်။ ဖုန်းကိုကင်မရာနဲ့ ပတ်သက်ပြီး ပိုသုံးဖြစ်တယ်။ ကျွန်တော်တို့လက်ထဲမှာ ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးတော့ ရှိသင့်တယ်လို့ ထင်တယ်။

Q. Laptop ရောသုံးဖြစ်လား။
သုံးဖြစ်ပါတယ်။ အခုနည်းပညာခေတ်ကြီးထဲမှာ Phone တွေ၊ laptopတွေ၊ computer တွေ သုံးသင့်တယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေဆိုရင် video editing တွေ၊ data transfer လုပ်တာတွေအတွက် Laptop ကိုမဖြစ်မနေသုံးရပါတယ်။

Q. ကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့ရော စုဖြစ်သေးလား။
ကင်မရာ bran တွေလည်းအများကြီးရှိသလို ပရောဖက်ရှင်နယ် ကင်မရာတွေလည်းရှိတယ်။ အခုဆိုရင် digital ကင်မရာတွေလည်း အများကြီးထွက်လာတယ်။ အဲဒီထဲကမှ ကျွန်တော်တို့နိုင်ငံနဲ့ ညီမျှတဲ့ပရောဖက်ရှင်နယ် ကင်မရာတွေကို ဝယ်ယူပြီး စုဆောင်းတာတွေ လုပ်ဖြစ်တယ်။ ကင်မရာနဲ့ပတ်သက်ပြီး ဝါသနာပါတာထက် အနုပညာကို ပံ့ပိုးပေးချင်လိုလို ပြောရင် ပိုမှန်ပါတယ်။

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
0 shares0 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
81 shares27 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
343 shares101 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Most from this category