0 Shares 162 Views

ပေသုံးဆယ်အကွာအထိ ဖုန်းကို ကြိုးမဲ့အားသွင်းနိုင်မယ့် Cota ကြိုးမဲ့အားသွင်းစက်

Feb 03, 2016
0 162

ဘီးနှစ်ဖက်ပါဝင်ပြီး၊ အလိုအလျောက်ဟန်ချက်ထိန်းနိုင်တဲ့ လျှပ်စစ်ယာဉ်တွေကို ‘Hoverboard’ လို့ လူအများစုခေါ်နေကြသလိုပဲ၊ တကယ့်ကြိုးမဲ့အားသွင်းနည်းပညာမဟုတ်တဲ့ အားသွင်းပြားပေါ်မှာဖုန်းကိုတင်ပြီးအားသွင်းတာစတဲ့ နည်းပညာတွေကို ‘ကြိုးမဲ့အားသွင်းနည်းပညာ’ လို့ ခေါ်တွင်နေကြတာက အနည်းငယ်လွဲနေပါတယ်။

ဒါပေမယ့် Ossia ကုမ္ပဏီကတီထွင်လိုက်တဲ့ Cota ကြိုးမဲ့အားသွင်းနည်းပညာသုံးစက်ကတော့ တကယ့်အဆင့်မြင့်ကြိုးမဲ့အားသွင်းနည်းပညာလို့ ဆိုရမှာပါ။ Cota စက်ဟာ RF ရေဒီယိုကြိမ်နှုန်း ကနေတဆင့် ၁ ၀ပ်အားရှိတဲ့ပါဝါစွမ်းအင်ကို ၁၀ မီတာအကွာအဝေး (ပေသုံးဆယ်) အထိ ပေးပို့နိုင်ပါတယ်။

ကြိုးမဲ့အားသွင်းဖို့အတွက် ဖုန်းမှာ RF လှိုင်းဖမ်းယူနိုင်၊ပို့လွှတ်နိုင်တဲ့ ချစ်ပြားတပ်ဆင်ပေးဖို့လိုအပ်ပြီး၊ ဖုန်းက အားလိုအပ်တာနဲ့ ထိုချစ်ပြားတွေက RF လှိုင်းတွေကို Cota အထိုင်စက်ဆီပို့ပေးပါတယ်။ ထို့နောက် အင်တာနာပေါင်းများစွာတပ်ဆင်ထားတဲ့ Cota အထိုင်စက်က ထိုလှိုင်းတွေကို ဖမ်းယူကာ၊ ဖုန်းရဲ့တည်နေရာကိုရှာဖွေပြီး လိုအပ်တဲ့ ပါဝါအားကို 2.8 GHz ကြိမ်နှုန်းနဲ့ ပြန်လည်ပေးပို့ပေးတာဖြစ်ပါတယ်။

Cota စက်ဟာ ‘beacon’ အချက်ပြလှိုင်းခေါ် ဖုန်းကပေးပို့တဲ့အချက်ပြလှိုင်းကို မမိတဲ့အခါ၊ လျှပ်စစ်စွမ်းအင်ကို ပေးလွှတ်မှာမဟုတ်တဲ့အတွက်ကြောင့် စွမ်းအင်ပြုန်းတီးမှုလည်းရှိမှာမဟုတ်ပါဘူး။ ဒီ့အပြင် Cota စက်က ပို့လွှတ်တဲ့ကြိမ်နှုန်းဟာ လူကိုဘေးအန္တရာယ်မဖြစ်စေတာကြောင့် စိတ်ချလက်ချသုံးစွဲနိုင်တယ်လို့ Ossia ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဖုန်းမော်ဒယ်အဟောင်းတွေအနေနဲ့ Cota ကြိုးမဲ့အားသွင်းစက်ကိုအသုံးပြုဖို့အတွက် ချစ်ပြားပါတဲ့အခွံတစ်ခုဝယ်ယူတပ်ဆင်နိုင်သလို၊ နောက်ထွက်မယ့် ဖုန်းမော်ဒယ်အသစ်တွေမှာ ယခု Cota ချစ်ပြားတွေကို ဖုန်းထုတ်လုပ်သူတွေထည့်သွင်းနိုင်အောင်အတွက်၊ ယခုထက်အရွယ်အစားသေးငယ်တဲ့ချစ်ပြား တွေကို ထုတ်လုပ်သွားဖို့ရည်မှန်းထားကြောင်း Ossia ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

Ref: PC World

 

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares15 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category