0 Shares 728 Views

ငွေမှုန်ရတီကတော့ လုံခြုံရေးစိတ်ချရတဲ့ အိုင်ဖုန်းပဲ သုံးဖြစ်ပါတယ် ..

ငွေမှုန်ရတီရဲ့နာမည်ကိုမြင်လိုက်တာနဲ့ ရွှေမှုန်ရတီရဲ့ ညီမလေးဆိုတာလူတိုင်းသိမှာပါ။ အခုဆိုရင် အနုပညာလောကထဲကို ညီမငယ် ငွေမှုန်ရတီ ပါ ဝင်ရောက်လာပြီး ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ ငွေမှုန်နဲ့တွေတုန်း အနုပညာအကြောင်းနဲ့ ဖုန်းအကြောင်းကို အခုလိုမေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလောငွေမှုန်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါလား။

လတ်တလောကတော့ ဓာတ်ပုံတွေပဲရိုက်ဖြစ်နေပါတယ်။ကားရိုက်ကတော့ နည်းနည်းကျဲနေတယ်။ ညီမ စာမေးပွဲဖြေမယ်ထင်လို့ လာမငှားကြလို့ နည်းနည်းကျဲသွားတာပါ။

 

Q. ငွေမှုန် ဒီနှစ်ဆယ်တန်းဖြေဖြစ်မှာလား။

ဒီနှစ်တော့ ညီမ စာမေးပွဲမဖြေဖြစ်ပါဘူး။နောက်နှစ်မှဖြေပါမယ်။ အဲဒါကလည်း ညီမ စာမေးပွဲအတွက် အဆင်သင့် မဖြစ်သေးလို့ပါ ။
သေချာလေးပြင်ဆင်ပြီးမှ ဖြေချင်လိုပါ။

 

Q. ပညာရေးနဲ့ပတ်သက်ပြီး ညီမလေး ဘယ်လိုမျိုး ရည်မှန်းထားလဲ။

ညီမ နောက်နှစ်စာမေးပွဲအောင်ခဲ့မယ်ဆိုရင် နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ စီစဉ်ထားပါတယ်။
အောင်မြင်အောင်လည်းကြိုးစားမှာပါ။ နောက်နှစ်ဆိုရင်စာကလည်း ပိုပြီးကြေသွားတာပေါ့။ ပိုပြီးတော့စာလုပ်ရမယ့် အချိန်လည်းရသွားတာပေါ့။

 

Q. အချစ်ရေးနဲ့ပတ်သက်ပြီး လတ်တလောမှာ သတင်းလေး နည်းနည်းကြားနေရတယ်နော်။ ညီမလေးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါလား။

အဲဒါကအထင်လွဲနေကြတာပါ။ သူနဲ့ညီမက သူငယ်ချင်းတွေပါ။ တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို ပြောမနာဆိုမနာတွေပါ။ ညီမက သူကိုစချင်လို ကွန်မန့်လေးပေးလိုက်တာပါ။ အဲဒါကို အထင်လွဲသွားကြတာပါ။ ညီမရဲ့ အချစ်ရေးကတော့
အေးအေးဆေးဆေးပါပဲ။

 

Q. ငွေမှုန် အနုပညာလောကထဲကိုဝင်တော့ အရှေ့မှာကိုယ်အမရှိတော့ အခက်အခဲသိပ်မရှိခဲ့ဘူးထင်တယ်နော်။

အနုပညာလောကမှာ သူကရှေ့ကရှိနေတော့ လမ်းကြောင်းလေးတော့ရတာပေါ့နော်။
သူများတွေလို အစိမ်းသက်သက်ကြီးတော မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ကြိုးစားမှုပိုင်းကျတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ်။

 

Q. ညီအမနှစ်ယောက် အတူတူသရုပ်ဆောင်တဲ့အခါ ဘယ်လိုညှိညှိနှိုင်းလုပ်ဖြစ်ကြလဲ။

သီးသန့်ကြီးတော့မလုပ်ဖြစ်ပါဘူး။ ရိုက်ကွင်းပေါ်ရောက်မှပဲ ပြောဖြစ်တာမှာပါတယ်။

 

Q. အနုပညာအလုပ်မဟုတ်ပဲ တခြားကိစ္စတွေကိုရော ညီအမနှစ်ယောက်တိုင်ပင် ဖြစ်လား။

အဲလိုမျိုးတော့ တိုင်ပင်ဖြစ်တယ်။ တစ်ခါတစ်လေ အဝတ်အစားဝတ်တာတို့ ၊ ဝယ်တာတို့တွေဆို  တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဖြစ်တယ်။ တစ်နေရာသွားတာတို့စားတာတို့ ဆိုတိုင်ပင်ဖြစ်တယ်။

 

Q. ညီအမနှစ်ယောက် တချို့ညှိနှိုင်းလိုမရတဲ့ ကိစ္စတွေဆိုဘယ်လိုဖြေရှင်းလဲ။

ငွေမှုန်တို့ညီအမက အကြိုက်တူတာများတယ်။ သဘောထားကွဲလဲတာနည်းပါတယ်။

 

Q. အနုပညာနဲ့ပတ်သက်ပြီး ညီမလေးရဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါလား။

ညီမ ကာရိုက်တာမျိုးစုံရိုက်ချင်တယ်။ ညီမဆရာတွေနဲ့လည်း တွဲရိုက်ချင်တယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း ဒီထက်မက ပိုပြီးရချင်ပါတယ်။

 

Q. အခု လက်ရှိဘာဖုန်းကိုင်ထားလဲ။

Iphone 7 plus ကိုင်ထားပါတယ်။ညီမက iphone သုံးရတာကြိုက်လို့ iphone ပဲသုံးဖြစ်တာပါ။

 

Q. ဘာလို iphone ကိုပဲကိုင်တာလဲ။

သူရဲ့ လုပ်ဆောင်တာလေးတွေ ကိုကြိုက်တယ်။ လုံခြုံရေးလည်း စိတ်ချရတယ်လေ။ ဒါကြောင့် သုံးတာပါ။

 

Q. ဖုန်းထဲမှာ ဘယ်လို APP တွေ သုံးဖြစ်လဲ။

ဓာတ်ပုံနဲ့ ပတ်သက်တဲ့ APP တွေသုံးဖြစ်တယ်။ ဂိမ်းဆော့တယ်။ ဂိမ်းကလည်း အစွဲတော့မရှိပါဘူး။ ဆော့ကြည့်လို့
ကောင်းတယ်ဆိုရင် ဆော့လိုက်တာပဲ။ နောက်ထပ်ဂိမ်းအသစ်ထွက်ရင် အသစ်ကိုဆော့လိုက် တာပဲ။

 

Q. တစ်နေ့တာအတွက် ဖုန်းကို ဘယ်လိုသုံးဖြစ်လဲ။

အဓိကကတော့ ဖုန်းပြောတယ်။ သီချင်းနားထောင်တယ်။ ဂိမ်းဆော့တယ်။ အင်တာနက်သုံးတယ်။

 

 

 

 

You may be interested

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ

Ko Thuya - Sep 26, 2018

Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
26 shares10 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
38 shares57 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

Most from this category