23 Shares 400 Views

Myanmar link ရဲ့ပဲ့ကိုင်ရှင် ကိုစိုးသီဟနောင်နဲ့တွေဆုံခြင်း

Software Developer ပေါင်းများစွာကိုမွေးထုတ်ပေးနေတဲ့ Myanmar Link ရဲ့ပဲ့ကိုင်ရှင်နည်းပညာလောကမှာ ဝါရင့် ပညာရှင်တစ်ဦး ဖြစ်တဲ့ ကိုစိုးသီဟနောင်နဲ့ တွေ့ဆုံပြီး နည်းပညာလောကအကြောင်းနဲ့ သူရဲ့အတွေ့အကြုံ တွေကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

Q. နည်းပညာနဲ့ပတ်သက်ပြီးအစ်ကိုလုပ်ဖြစ်တာတွေကိုပြောပြပေးပါလား။
နည်းပညာနဲ့ပတ်သက်ပြီး Myanmar Tutorial နည်းပညာဖန်တီးတဲ့ website တစ်ခုထူထောင်ပြီး ရေးသားဖူးတယ်။အဲ site ကိုလူတော်တော်များများသိလည်းသိတယ် နည်းပညာနဲ့ပတ်သက်ပြီး  တော်တော်များ များများလည်းပံ့ပိုးပေးနိုင်ခဲ့တယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေပြောဖြစ်တယ်။နောက်တစ်ခုက Data App တွေလုပ်ဖြစ်တယ်။ Data တွေအများကြီးထည့်သုံးလိုရ တဲ့ App တွေရေးဖြစ်တယ်။နောက်ပြီးတော့ e-commerce web တွေလည်းရေးဖြစ်တယ်။

Q. Web Developer တစ်ယောက် ဖြစ်လာပုံကိုပြောပြပေးပါလား။
ကျွန်တော် ၁၀ တန်းမှာလိုချင်တဲ့အဆင့်မရခဲ့တော့ နည်းပညာကိုအပြင်ဘက်ကနေလေ့လာဖြစ်တယ်။ MCC မှာ Foundation  သင်တန်းတက်တယ် အဲတုန်းကတော့ IT သင်တန်းလိုခေါ်တယ်။ နောက်ထပ်လည်း excel ၊ level 3၊ IDCS တို့အဆင့်ဆင့်တက်တယ်။၂၀၀၃ခုနှစ်-၂၀၀၄ ခုနှစ်မှာ ကွန်ပြူတာအော်ပရေတာ အလုပ်စလုပ်တယ်။ နောက်ပိုင်းအလုပ်ထွက်ပြီး MCC မှာနောက်ထပ် သင်တန်းတွေထပ်တက်တယ်၊ MCC မှာပဲ System Analyst ဝင်လုပ်တယ်။ နောက်ပိုင်းကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုပြီး  အလုပ်ထွက်လိုက် တယ်၊ စာစီစာရိုက်ဆိုင်ကနေစတယ်။ Graphic ဒီဇိုင်းတွေလုပ်တယ်။ Video Editing တွေလုပ်တယ်၊ ကွန်ပြူတာသင်တန်းတွေဖွင့်တယ်၊ အဲဒီကနေ web development သင်တန်းသီးသန့်ဖွင့်တော့မယ်ဆိုပြီး Web development နဲ့ပတ်သက်တာတွေ Self Study လုပ်တယ်။ သင်နိုင်တဲ့ သင်ခန်းစာတွေကို စပြီး လေ့လာပြီးတော့မှ Web development နဲ့ပတ်သက်တဲ့  Training တွေစဖွင့်ဖြစ်တယ်။နောက်ပိုင်း Android Training တွေဖွင့်ဖြစ်တယ်။ Web  development နဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ဖြစ်တယ်။

Q. Myanmar link ကိုဘယ်အချိန်ကစဖွင့် ခဲ့တာလဲ။
Myanmar link ကို Web development  သင်တန်းကိုသီးသန့်စဖွင့်ဖြစ်တဲ့အချိန် ၂၀၁၂ ခုနှစ်လောက်က ဖွင့်ဖြစ်ခဲ့တာပါ။

Q. နည်းပညာလောကရဲ့အားနည်းချက်၊အားသာချက်တွေကိုပြောပြပါလား။
ကျွန်တော်အမြင်ကိုပြောရရင် အရမ်းတိုးတက်တယ်လိုမမြင်ပါဘူး။ ဒါပေမယ့်မိုဘိုင်းသုံးစွဲသူပမာဏ ကတော့ အများကြီးမြင့်တက်လာတယ်။တကယ်တမ်းပြောရရင် Web development နဲ့ပတ်သက်ပြီးတိုးတက်ရမယ့် အခြေခံဖောင်ဒေးရှင်းတွေကတော့ အများကြီးရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီ ဖောင်ဒေးရှင်းတွေကို ထိထိရောက်ရောက်အသုံးချဖို့တော့ အားနည်းတယ်နေတာပေါ့နော်။ အဲလိုအားနည်းတဲ့နေရာမှာ အစိုးရကိုယ် တိုင်လည်းပါတယ်။ ကျန်တဲ့ကုမ္မဏီတွေလည်းပါတယ်၊ အစိုးရကိုယ်တိုင်လည်း E-government Website တွေကို တစ်ကယ်လက်တွေ့မှာအသုံးချနေတာရှိဘူး။ သတင်းအချက်အလက်စီးဆင်းနေတာတွေရော အားလုံးနီးပါးက Facebook ကနေပဲသွားနေရတယ်၊ အဲဒီလိုကျတော့ အဆင်မပြေဘူး။ဟိုတလောကပဲ စစ်တန်းတစ်ခုတွေလိုက်တာ ထိတ်တန်းကုမ္မဏီတွေတောင် Website မရှိဘူးဆိုတဲ့ အနေအထားများနေတာရယ်၊ မရှိသင့်ဘူးဆိုတဲ့ အနေအထားတွေက မကောင်းဘူးပေါ့ဗျာ။

Q. နည်းပညာနဲ့ပတ်သက်ပြီးတိုးတက်မှုရှိအောင် ဘယ်လိုတွေပံ့ပိုးပေးသင့်လဲ။
အဲဒီမှာ ၂ ပိုင်းရှိတယ်။ တစ်ပိုင်းကတီထွင်ဖန်တီးမှုပိုင်း နောက်တစ်ပိုင်းက အလုပ်အကိုင်အခွင့်အလမ်း ကျွန်တော်က တီထွင်မှုအပိုင်းကို အားပေးတယ်၊ကျွန်တော်သင်တန်းမှာလည်း တစ်ခုခုကိုတီထွင်နိုင်အောင် သင်ကြားပေးတယ်။ Product တွေထွက်လာနိုင်တဲ့အထိဖြစ်ဖို့ ကျွန်တော်သင်ကြားပေးတယ်။ ဥပမာ- ပြီးခဲ့တဲ့ Android hack 1 အတန်းတုန်းကဆိုရင် ပြင်ပေးပါဆိုတဲ့ App ဆိုရင် ဆုရတဲ့အဆင့်အထိရောက်တယ်၊ အမှန်အကန် သုံးလိုရတဲ့အဆင့် ရောက်တယ်။ ဒါပေမယ့် ပြင်ပေးပါဆိုတဲ့ သူရဲ့ရည်ရွယ်ချက်ကဘာလည်း ဆိုတော့ မြို့ပေါ်မှာရှိတဲ့ပျက်စီးနေတဲ့နေရာတွေကို Report လုပ်လို့ရတဲ့ App ဖြစ်တယ်။ ဒါပေမယ့်ခက်တာ က ကျွန်တော်တို့ရဲ Moderation က အကန့်ကသတ်ရှိတယ်။ ကျွန်တော်တို့ပိုက်ဆံ စိုက်ပေးနိုင်တယ်။ ဒါပေမယ့် Recommendation ကြီးကြီးမားမားတော့လိုတယ်။  အစိုးရအသိအမှတ်ပြုတာမျိုး ၊ပူပေါင်းပါဝင်တာမျိုး၊ လူငယ်တွေတီထွင်တာကို recommendation လုပ်ပေးတာမျိုး၊ မြေတောင်မြှောက်ပေးတာမျိုးတွေ လိုတယ်။ အဲဒါက ဒါမရှိရင် ရှေ့ဆက်လိုရမှာမဟုတ်ဘူး။ နောက်တစ်ခုက အလုပ်အကိုင်အခွင့်အရေးမှာ ကျွန်တော်တို့ IT နည်းပညာနဲ့ပတ်သက်တဲ့ ဥပဒေတွေရေးဆွဲသင့်တယ်လို့ ကျွန်တော်ထင်တယ်။

Q. နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေကိုအကြံညာဏ်လေးပြောပေးပါလား။
နည်းပညာနဲ့ ပတ်သက်တဲ့အနေအထားမှာ ကိုယ်တကယ်စိတ်ဝင်စားတယ်ဆိုရင် အခွင်လမ်းတွေကအများ ကြီးရှိပါတယ်၊နောက်ပြီးတော့ သူများအလုပ်သွားလုပ်မှမဟုတ်ဘူး။ ကိုယ်တစ်ခုခုတီထွင်ဖန်တီးချင်တယ် ဆိုလည်းရတယ်၊ အထူးသဖြင့်နယ်က ကလေးတွေပေါ့နော်၊ ကျွန်တော်တို့နည်းပညာမှာ ဈေးကွက်(၃)ခုရှိတယ်။ တစ်ခုကတီထွင်ဖန်တီးမှုဈေးကွက်၊ ဝန်ဆောင်မှုဈေးကွက်၊ အလုပ်အကိုင်အခွင့်အလှမ်းဈေးကွက် ဆိုပြီးရှိတယ်။ အဲဒီသုံးခုမှာ တီထွင်ဖန်တီးမှုဈေးကွက်က ကျွန်တော်တို့နိုင်ငံမှာအရမ်းအားနည်းတယ်၊ အဲဒီတီထွင်မှုဈေးကွက် ကိုဝင်ပြီးကြိုးစားဖို့လိုတယ်။ နည်းပညာနဲ့ပတ်သက်ပြီး ပိုက်ဆံရမှမဟုတ်ဘူး ပိုက်ဆံမရပဲ အခမဲ့ရေးပေးရမယ့် App ပေါင်းများစွာလိုအပ်တယ်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုသိုလ်ရေးတွေမှာ နည်းပညာပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ အဲဒီအတွက် တီထွင်ဖန်တီးနိုင်မှု ဈေးကွက်လိုတယ်။ ဝန်ဆောင်မှုဈေးကွက်က ကုမ္မဏီတွေက နည်းပညာသုံးမှကိုယ်တွေက App တွေသွားရေးပေးရမှာ အဲဒါကလည်းသိပ်မတွင်ကျယ်ပါဘူး ။

..

အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်။

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Most from this category