0 Shares 272 Views

ဖုန်းဆိုတာ လိုအပ်ပြီး အရမ်းအသုံးဝင်တဲ့ ပစ္စည်းပါ လို့ ပြောခဲ့တဲ့ ဂျူးဂျူးပန်ထွာ

အနုပညာလောကထဲကို ၂၀၁၃၊ ၂၀၁၄ လောက်မှာဝင်ခဲ့ပြီး MRTV 4 မှာသရုပ်ဆောင်အဖြစ်ရွေးချယ်ခံရတဲ့ မင်းသမီးချောလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်၊ သူကတော့သရုပ်ဆောင် ဂျူးဂျူးပန်ထွာပဲဖြစ်ပါတယ်၊ သူမနဲ့ပြောဖြစ်ခဲ့တာလေးတွေကို ပြန်လည်ဝေငှာပေးလိုက်ပါတယ်။

Q. လတ်တလောညီမလေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြောပြပေးပါလား။

“ချစ်သူထွင်းတဲ့အက္ခရာ” ဆိုတဲ့MRTV4 ဇာတ်လမ်းတွဲမှာ မိဘမဲ့ကလေးတွေကို စာသင်ပေးတဲ့ ကျောင်းဆရာမလေး နန်းခမ်းမွန်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာက ကိုလှဖြိုး ပါ၊ ဒီဇာတ်လမ်းတွဲမှာ ညီမတို့ MRTV4 က မင်းသားမင်းသမီးတွေအားလုံး သရုပ်ဆောင်ထားပါတယ်။ ပြီးတော့အဆိုတော် ကိုဖြိုးကျော်ထိုက် ရဲ့ Title သီချင်းကို ကိုစိုးရန်အောင်နဲ့ MTV လေးရိုက်နေပါတယ်။

Q. အနုပညာလောကကို ဘယ်အချိန်ကစဝင်ခဲ့တာလဲ။

၂၀၁၃ခုနှစ် ၂၀၁၄ခုနှစ်လောက်မှာစပြီး အနုပညာလောကထဲကိုဝင်ခဲ့တယ်။ စကားဝါ သရုပ်ဆောင်သင်တန်း တက်ဖြစ်တယ်။
မင်းသားမြင့်မြတ်နဲ့ ညီမက တက္ကသိုလ်မှာကတည်းက သူငယ်ချင်းတွေဆိုတော့ သူနဲ့ရှူတင်မှာ သွားတွေ့တော့ သူကူညီပေးခဲ့တယ်။ သူရဲ့ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီကနေ MRTV4 မှာ ညီမအရွေးခံခဲ့ရတယ်။ MRTV4 နဲ့စာချုပ် (၂)နှစ်ချုပ်ပြီး အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်တယ်။ စာချုပ်က ဖေဖော်ဝါရီဆိုရင်(၂)နှစ်ပြည့်ပါပြီ။ စာချုပ်ထပ်ချုပ်၊ မချုပ်ကတော့ ပြန်ပြီးစဉ်းစားအုံးမှာပါ။

Q. စာချုပ်နဲ့လုပ်ရတာဆိုတော့အဆင်ပြေရဲ့လား၊အပြင်အလုပ်တွေရောလုပ်ခွင့်ပေးလား။

ညီမတို့အပြင် ဇာတ်ကားတွေ ရိုက်တာကိုလည်း ခွင့်ပြုပါတယ်၊ MRTV 4 ဇာတ်လမ်းတွဲတွေရိုက်တဲ့အခါ လိုအပ်တယ်ဆိုရင် သင်တန်းတွေပေးတယ်။ ဇာတ်ကားတစ်ကားမှာ ရေကူးလိုအပ်ရင် ရေကူး၊ မြင်းစီးလိုအပ်ရင် မြင်းစီးသင်ပေးတယ်။ ကားမောင်းဆိုကားမောင်းသင်ပေးတယ်၊ လစာလည်းပေးတယ်။ ဇာတ်ကားရိုက်တယ်ဆိုရင်လည်း အနုပညာကြေးပေးတယ်။

Q. အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်အပြင်အခြား ဘာတွေလုပ်ဖြစ်သေးလဲ။

Presenter လုပ်တယ်။ အရင်တုန်းကဆိုရင် Samsung ပွဲတွေ၊ Huawei  ပွဲတွေ၊ AIR-LINE ပွဲတွေအတွက် Presenter လုပ်ဖြစ်ပါတယ်။

Q. အနုပညာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေလေ့လာဖြစ်လဲ။

Website တွေကြည့်တယ်။ နိုင်ငံခြားက အနုပညာကျောင်းတွေနဲ့ ပတ်သက်တဲ့ Website တွေကြည့်တယ်။ ဝါရင့်သရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေကြည့်ပြီး လေ့လာတယ်။ စာအုပ်တွေလည်းများများ ဖတ်တယ်။

Q. အခုကိုင်ထားတဲ့ ဖုန်းကိုပြောပြပေးပါလား။

ညီမအခုကိုင်ထားတာ iphone 5S ရယ် Samsung j 7 ရယ် ကိုင်ထားပါတယ်။ ညီမကြိုက်တဲ့ ဖုန်း brand တွေကတော့ oppo,vivo,Huawei ,samsung ဖုန်းတွေကို ကိုင်ရတာကြိုက်တယ်။ အခုကိုင်ထားတဲ့ဖုန်းတွေက လက်ဆောင်ရထားလို့ ကိုင်ဖြစ်တာပါ။

Q. iOS  နဲ့ Android နှစ်မျိုးလုံးကိုင်ထားတာဆိုတော့ ညီမအတွက်ဘယ်ဟာကပိုအဆင်ပြေလဲ။

နှစ်မျိုးစလုံးကတော့ အားသာချက်၊ အားနည်းချက်တွေတော့ ရှိပါတယ်။ iphone က security လုံတယ်။ ဒါပေမယ့် iphone မှာ facebook သုံးတဲ့အခါ နှေးတယ်။ Android မှာကျတော့ facebook တို့ viber တို့သုံးရတာမြန်တယ်။ ညီမတို့ လုပ်ငန်းက social media တွေနဲ့ ဆက်သွယ်နေရတာဆိုတော့ လိုင်းဆွဲအားကောင်းဖို့ကလည်း အရေးကြီးတယ်။

Q. ဖုန်းထဲမှာသုံးဖြစ်တဲ့ APP လေးတွေကိုပြောပြပေးပါလား။

Facebook  သုံးတယ်၊ Viber သုံးတယ်၊ Instagram သုံးတယ်၊ အင်္ဂလိပ်စကားပြောနဲ့ ပတ်သက်တဲ့ appတွေ ထည့်ထားတယ်။
လေ့လာဖြစ်တယ်၊ အင်တာနက်နဲ့ပတ်သက်ပြီး ကြည့်လိုရတဲ့ app တွေအများဆုံးထား တယ်၊ online ပေါ်ကနေ ကိုယ်လေ့လာချင်တာတွေ လေ့လာဖို့အတွက်ပါ၊

Q. ဖုန်းကလူတစ်ယောက်အတွက် ဘယ်လိုအသုံးဝင်လဲ၊မရှိမဖြစ်ထဲမှာရောပါလား။

အခုခေတ်အနေအထားနဲ့ ကြည့်မယ်ဆိုရင် တော်တော်ကိုလိုအပ်ပြီး အသုံးဝင်တဲ့ အရာတစ်ခုပါ။ အရမ်းကိုလွယ်ကူတဲ့ ဆက်သွယ်မှုမျိုးကို
ပေးတယ်၊ အခုနောက်ပိုင်းဖုန်းကြောင့် အလုပ်တွေလည်း ပိုမိုတွင်ကျယ် လာတယ်။ အင်တာနက်ပါ သုံးလိုရတော့ ကိုယ်သိချင်တာတွေကိုလည်း အမြန်သိနိုင်တယ်။ facebook တို့ viber တို့ ပေါ်လာတဲ့အခါ ဓာတ်ပုံပို့ချင်ရင်လည်းမြန်လာတယ် အရင်ကဆို လူကိုယ်တိုင်သွားပြီးပို့ရတယ်။ အရင်ကထက်လုပ်ငန်းပိုပြီး ကျယ်ပြန့်လာတယ်လို့ ခံစားရပါတယ်။

Q. အင်တာနက်သုံးတဲ့အခါ လိုင်းရောအခြေနေဘယ်လိုရှိလဲ။

လိုင်းကတော့အခု နောက်ပိုင်း 4G ကွန်ရက်တွေတိုးလာတော့ လိုင်းက အရင်ကထက် ပိုကောင်းလာပါတယ်၊ အရင်တုန်းကတော့ နှေးတယ်။ အခုတော့အဆင်ပြေလာပါတယ်။

Q.  ညီမလေးက ဘယ် Telecom ကိုသုံးလဲ။

MPT နဲ့ Telenor ကိုသုံးပါတယ်။

Q. Laptop ရောသုံးဖြစ်လား။ဘယ် brand ကိုသုံးဖြစ်လဲ။

Laptop ကတော့ တစ်ခါတလေပဲ သုံးဖြစ်တယ်။ ဓာတ်ပုံတွေ သိမ်းတာလောက်ပဲ သုံးဖြစ်တယ်၊ အမြဲတမ်းသုံးဖြစ် တာကတော့ ဖုန်းပဲသုံးဖြစ်တယ်။ Laptop ကို Apple သုံးတယ်။ သုံးရတာအဆင်ပြေပါတယ်။ ဓာတ်ပုံတွေလည်းအ များကြီးဆန့်တယ်၊ သီချင်းတွေလည်းအများကြီးဆန့်တယ်၊ ညီမက Laptop ကိုဖုန်းနဲ့ချိတ်ပြီး အင်တာနက်သုံးတာ တော့အဆင်မပြေဘူး။ နှေးတယ်။

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category