0 Shares 1394 Views

Huawei က 1080p screen နှင့် P8 Lite (2017) ကို ဒီလကုန်မှာ မိတ်ဆက်မည်

Jan 13, 2017
0 1394

Huawei အနေနဲ့ P8 Lite 2017 version ကို အခုလ(ဇန်နဝါရီ) အကုန်မှာ ဥရောပ ဈေးကွက်အတွင်းကို မိတ်ဆက်ရောင်းချတော့မှာ ဖြစ်တယ်လို့သိရပါတယ်။

အခုထပ်မံ ထုတ်လုပ်မယ့် Lite model အသစ်ဟာ ပြီးခဲ့တဲ့ (၂)နှစ်အကြာက ထွက်ရှိခဲ့တဲ့ P8 Lite ကို အဆင့်မြှင့်တင်ပြီး 2017 version အဖြစ် ထပ်မံထုတ်လုပ်တာဖြစ်ပြီး 1080p resolution ထောက်ပံ့မယ့် 5.2” IPS display နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကိုတော့ ဆွဲဆောင်မှုရှိအောင်ဖန်တီးထားပြီး P8 နဲ့ P9 handsets တွေနဲ့ မဆင်တူဘဲ နောက်ပိုင်းထွက်ရှိတဲ့ Honor handsets တွေနဲ့ အတော်လေး ဆင်တူနေတာတွေ့ရပါတယ်။

P8 Lite (2017) ကိုလည်း GR5 2017 မှာသုံးထားတဲ့ octa-core A53 processor နဲ့ Mali-T830MP2 GPU တို့ကို တွဲဖက်အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် Mid-range Kirin 655 chip ကိုအသုံးပြုထားပြီး 3GB RAM နဲ့ 16GB storage ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့တော့ f/2.0 aperture နဲ့ 12MP main camera နဲ့အတူ 8MP selfie camera ကို တွဲဖက်အသုံးထားပြီး ဖြုတ်လို့မရတဲ့ 3000mAh battery ကို အသုံးပြုထားပါတယ်။

2017 version ဖြစ်တာနဲ့အညီ Android 7.0 (Nougat) နဲ့ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ (၂၃၉) ဒေါ်လာ ဖြစ်ကာ အခုလအကုန်မှာ ဥရောပ ဈေးကွက်မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMarena

 

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category