0 Shares 26 Views

Facebook app ကို ဖုန်းထဲကနေဖျက်လိုက်တာက ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်စေ

Feb 02, 2016
0 26

သင်ဟာ Android ဖုန်းသုံးသူတစ်ယောက်ဖြစ်ပြီး၊ သင့်စမတ်ဖုန်းဟာ စွမ်းဆောင်ရည်နဲ့ဘက်ထရီပိုင်းဆိုင်ရာ ကျဆင်းနေတယ်ဆိုရင်၊ Facebook app ကို uninstall လုပ်လိုက်ဖို့အကြံပေးပါရစေ။

Android အတွက်ထုတ်လုပ်ထားတဲ့ Facebook နဲ့ Messenger app တို့ဟာ Google Play Store မှာ ဒေါင်းလုဒ်ရယူမှုအများဆုံး app နှစ်ခုဖြစ်သလို၊ ဖုန်း ပါဝါအစားဆုံး app နှစ်ခုလည်းဖြစ်ပါတယ်။

Android Central ၀က်ဆိုဒ်ရဲ့ နည်းပညာသတင်းရေးသူ Russel Holly ဟာ ဒီအကြောင်းနဲ့ပတ်သက်ပြီး လေ့လာစမ်းသပ်မှုလုပ်ခဲ့ပါတယ်။ Russel ဟာ သူ့ Android ဖုန်းထဲက Facebook app ကို uninstall လုပ်ဖျက်ပစ်ခဲ့ပြီး၊ မိုဘိုင်း browser ကနေပဲ Facebook ကို အသုံးပြုခဲ့ကြည့်ရာမှာ၊ ထူးခြားမှုကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Reddit အသုံးပြုသူတစ်ဦးကလည်း သူ့ရဲ့ LG G4 ဖုန်းကို အသုံးပြုကာ Android အတွက်ထုတ်ထားတဲ့ Facebook app ကို စမ်းသပ်မှုတွေလုပ်ခဲ့ပြန်ပါတယ်။ ဖုန်းမှာ Facebook နဲ့ Messenger app သွင်းထားချိန်မှာ app ၁၅ ခုကို ဆက်တိုက်ဖွင့်ခဲ့ပြီး၊ app တက်လာတဲ့အချိန်၊ ဖုန်းစွမ်းဆောင်ရည်ပိုင်းကို မှတ်သားထားခဲ့ပါတယ်။ ထို့နောက် Facebook နဲ့ Messenger app နှစ်ခုလုံးကို ဖုန်းထဲကနေ uninstall လုပ်ပြီး၊ ထို app ၁၅ ခုကိုပဲ ဆက်တိုက်ပြန်ဖွင့်ကြည့်ခဲ့ပါတယ်။

တွေ့ရှိချက်အရ၊ ဖုန်းမှာ Facebook နဲ့ Messenger app တွေမရှိတဲ့အချိန်မှာ ဖုန်းစွမ်းဆောင်ရည်ဟာ ၁၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်ခဲ့ပြီး၊ ယခုအခါ သူလည်း Facebook ကို browser ကနေသာ အသုံးပြုတော့တယ်လို့ ဆိုပါတယ်။

Guardian သတင်းစာရဲ့ဂျာနယ်လစ် Samuel Gibbs ရဲ့ စမ်းသပ်မှုမှာလည်း ဖုန်းမှာ Facebook သွင်းထားတာက၊ မသွင်းထားတာထက် ဘက်ထရီ ၂၀ ရာခိုင်နှုန်းပိုကုန်စေကြောင်း တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

Facebook app ဟာ Android ဖုန်းထဲက ဘက်ထရီသုံးစွဲမှုအချက်အလက်စာရင်းမှာတော့ ပါဝါအများကြီးသုံးနေတယ်လို့ မပြပေမယ့်၊ တကယ်တမ်းမှာတော့၊ လိုတာထက်ပါဝါပိုစားနေတယ်လို့ Gibbs က ရေးသားဖော်ပြခဲ့ပါတယ်။

ဒါကြောင့် သင့် Android ဖုန်းအနေနဲ့ ဘက်ထရီပိုင်းနဲ့ ဖုန်းစွမ်းဆောင်ရည်ပိုင်းပြဿနာတွေကြုံတွေ့နေရတယ်ဆိုရင်၊ Facebook app ကို ဖြုတ်ပြီး၊ စမတ်ဖုန်းထဲက browser ကနေပဲ facebook ကိုဝင်ရောက်အသုံးပြုသင့်ပါတယ်။ browser ကနေ Facebook အသုံးပြုတာဟာလည်း app ကနေသုံးတာနီးပါး မြန်ဆန်မှုရှိသလို၊ သတိပေးချက် notification တွေကိုလည်း browser ကနေ ရယူထားနိုင်တာကြောင့် သိသိသာသာကွာခြားမှုမရှိတာကို တွေ့ရပါလိမ့်မယ်။

Ref: Mirror

 

 

You may be interested

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
60 shares8 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
333 shares50 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro
Huawei, NEWS
645 shares117 views

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro

Nwe Oo - Nov 24, 2017

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mate စီးရီးက Samsung Galaxy Note 8 နဲ့…

Most from this category