0 Shares 429 Views

Android Device မှာ ဓါတ်ပုံများကို SD Card သို့ ပြောင်းရွှေ့နည်း

Jan 13, 2017
0 429

စမတ်ဖုန်းများရဲ့ Internal Memory ဟာ အကန့်အသတ်ရှိပါတယ်။ ဓါတ်ပုံ ရိုက်တာ များလာတာနဲ့အမျှ Internal Memory မှာ ဒေတာများ ပြည့်လာမှာ ဖြစ်ပြီး ဒေတာအသစ်များကို ထပ်မံ လက်ခံလို့ ရမှာ မဟုတ်တော့ပါဘူး။ ဒီ Tutorial မှာ Internal Memory မှ ဓါတ်ပုံများကို SD Card သို့ ပြောင်းရွှေ့နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သိမ်းတဲ့ နေရာကို ပြောင်းပါ။

Default အားဖြင့် ဓါတ်ပုံများကို ဖုန်းရဲ့ Internal Memory မှာ သိမ်းပေးပါတယ်။ SD Card မှာ ဓါတ်ပုံများကို သိမ်းပေးဖို့ နေရာကို ပြောင်းလဲနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓါတ်ပုံများ သိမ်းမယ့် နေရာကို Camera App မှာ ပြောင်းရပါတယ်။ ဒါပေမယ့် ဖုန်းထုတ်လုပ်သူ အပေါ်မူတည်ပြီး နည်းလမ်းကွဲပြားနိုင်ပါတယ်။ Camera App ရဲ့ Settings ထဲသွားပြီး Storage မှာ နေရာကို ပြောင်းပေးပါ။ သင့်ဖုန်းရဲ့ Internal Memory မှာ နေရာလွတ် မကျန်တော့ရင်လည်း SD Card ထံ ဒေတာများ ပြောင်းဖို့ သတိပေးစာပေါ်လာမှာပါ။ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရင် ဒေတာများကို SD Card ထံ ပြောင်းပေးမှာပါ။

၂။ Android 6.0 Marshmallow

Android Marshmallow မှာတော့ ဓါတ်ပုံများကို SD Card ထံ ပြောင်းရတာ အလွန် လွယ်ကူပါတယ်။ Marshmallow မှာ SD Card ကို Internal Memory လို အသုံးပြုနိုင်တဲ့ စွမ်းရည်အသစ်တစ်ခု ပါလာပါတယ်။ တစ်နည်းအားဖြင့် Internal Memory နဲ့ SD Card ကို ပေါင်းလိုက်တဲ့ သဘောပါ။ ဒီလိုသုံးဖို့အတွက် အရင်ဆုံး SD Card ကို Format လုပ်ရမှာပါ။ Format မလုပ်ခင် SD Card မှ ဒေတာများကို အခြားတစ်နေရာမှာ သိမ်းထားပါ။ Phone Settings ထဲသွားပြီး microSD Card ကို ရှာပါ။ Menu ( အစက်သုံးစက်) ကို နှိပ်ပြီး Settings> Reformat your memory card ကို နှိပ်ပါ။ ပြီးရင်တော့ SD Card ကို Internal Memory လို သုံးနိုင်ပါပြီ။

၃။ Android 5.0 Lollipop

Android Lollipop မှာတော့ Apps များက သူတို့ရဲ့ ဒေတာကို ကိုယ်တိုင် စီမံပါတယ်။ အဲဒီအတွက် Camera App ရဲ့ Settings ကနေ ဓါတ်ပုံများကို SD Card ထံ ပြောင်းနိုင်ပါတယ်။

၎။ Android 4.4 KitKat

Android 4.4 KitKat မှာ Safety Regulations အသစ်ကြောင့် Apps များဟာ SD Card မှ နေရာများကို အသုံးပြုခွင့် မရှိခဲ့ပါဘူး။ App များကိုယ်တိုင်ဟာ SD Card မှာ မရှိပါဘူး။ Camera App ရဲ့ ဓါတ်ပုံများကိုလည်း SD Card ထံ ပြောင်းလို့ မရပါဘူး။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တာက MX Camera App ဖြစ်ပြီး သူရဲ့ Settings ထဲမှာ ဓါတ်ပုံများကို SD Card ထံ ပြောင်းပေးဖို့ သတ်မှတ်နိုင်ပါတယ်။ MX Camera App ကို အောက်ပါ Link မှာ ရယူနိုင်ပါတယ်။

https://goo.gl/4pfMWh

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ

Ko Thuya - Feb 23, 2019

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
1072 shares231 views

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်

Ko Thuya - Feb 23, 2019

သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Most from this category