0 Shares 182 Views

တရုတ်၏ Xiaomi ဖုန်းများကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်ရောင်းချမည်

Feb 03, 2016
0 182

တရုတ်နိုင်ငံထုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Xiaomi ဟာ အမေရိကန်ပြည်ထောင်စုမှာ သူတို့ရဲ့ စမတ်ဖုန်းတွေကို ပထမဆုံးအကြိမ်ရောင်းချတော့မှာ ဖြစ်တယ်လို့သိရပါတယ်။ အမေရိကန်မိုဘိုင်းကုန်သွယ်ရေးကုမ္ပဏီ US Mobile က ဖုန်းတွေထဲမှာ အရေးပါတဲ့ Xiaomi ဟန်းဆက်တွေကို ဒီအပတ်ကစတင်ပြီးတော့ အွန်လိုင်းကနေစတင်ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Xiaomi ရဲ့နောက်ဆုံးပေါ်ပစ္စည်းတွေဖြစ်တဲ့ Mi Note လိုမျိုး ဖုန်းအမျိုးအစားတွေတော့မပါဝင်ဘူးလို့ဆိုပါတယ်။ဒါ့အပြင် ဒီဖုန်းတွေဟာ မြန်ဆန်တဲ့အင်တာနက်နှုန်းဖြစ်တဲ့ အမေရိကန်ရဲ့ 4G အင်တာနက်နဲ့လည်း အလုပ်မလုပ်နိုင်သေးတာဖြစ်ပါတယ်။

xiaomi in us1

US Mobile က သူတို့အနေနဲ့ နောက်ထပ်တရုတ်ဖုန်းလုပ်ငန်း Meizu ကဖုန်းဟန်းဆက်တွေကို ရောင်းချနိုင်တော့မှာလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ US Mobile အနေနဲ့ အွန်လိုင်းကနေ Xiaomi ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Xiaomi Redmi 2 ကို ဒေါ်လာ ၁၁၉၊ Xiaomi Mi 3 ကို ဒေါ်လာ ၁၃၅၊ Meizu Note 2 ကို ဒေါ်လာ ၁၄၉ နဲ့ Xiaomi Mi 4 ကိုဒေါ်လာ ၂၁၉ ဆိုပြီး ဈေးနှုန်းအသီးသီး သတ်မှတ် ထားပါတယ်။

Xiaomi ဟာ တရုတ်ရဲ့ Apple ဆိုပြီး အာရှရဲ့ နေရာတော်တော်များများမှာကျယ်ပြန့်လျက်ရှိတာဖြစ်ပြီး iPhone ထက်ဈေးနှုန်းလည်း အတော်သက်သာတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဘေဂျင်းအခြေစိုက် ကုမ္ပဏီဟာ သူတို့ရဲ့ နားကြပ်တွေနဲ့ တခြားပစ္စည်းတွေကို အမေရိကန်က သုံးစွဲသူတွေအတွက် အွန်လိုင်းကနေ စတင်ရောင်းချပေးခဲ့ပါတယ်။

Ref: BBC News

You may be interested

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
60 shares8 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
333 shares50 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro
Huawei, NEWS
645 shares117 views

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro

Nwe Oo - Nov 24, 2017

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mate စီးရီးက Samsung Galaxy Note 8 နဲ့…

Most from this category