0 Shares 149 Views

Photoshop မှာ Siri လိုမျိုး AI နည်းပညာ ပါဝင်လာတော့မှာလား ??? (Video)

Jan 13, 2017
0 149

Adobe အနေနဲ့ ၄င်းရဲ့ ဓာတ်ပုံပြင်တဲ့ software ဖြစ်တဲ့ photoshop mobile app မှာ Apple ရဲ့ Siri လိုမျိုး AI နည်းပညာပါဝင်လာပြီး ဓာတ်ပုံပြင်ဖို့အတွက် အသံနဲ့စေခိုင်းပြထားတဲ့ စက္ကန့်(၃၀)စာ teaser video လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီ Video လေးကို အမှတ်တမဲ့ ကြည့်လိုက်ရသူတွေအနေနဲ့ကတော့ Photoshop mobile app မှာ AI အမှန်တကယ် ပါဝင်လာပြီလားလို့ ထင်ကောင်းထင်သွားနိုင်ပေမယ့် တကယ်တော့ ဒါဟာ concept သက်သက် ဖြစ်ပြီး ဒီ project ကို အခုမှ စတင်စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။

မိတ်ဆက်လိုက်တဲ့ Video အတိုင်း အမှန်တကယ်သာဖြစ်လာခဲ့မယ်ဆိုရင် တကယ်ကို အထင်ကြီးစရာ တီထွင်မှု တစ်ခုဖြစ်လာမှာပါ။ စတုရန်းပုံ Crop လုပ်ချင်တာတို့ Undo ပြန်လုပ်ချင်တာတို့ကို “Crop with a 1:1 ratio” ၊ “Undo” လို့ စာသား ဆန်ဆန်ပြောစရာမလိုပဲ လူတစ်ယောက်ကို သာမန်အတိုင်းပြောသလို “Make it square” ၊ “I don’t like it” လို့ပြောရုံနဲ့ သူ့အလိုလိုလုပ်ဆောင်ပေးတဲ့အတွက် ပိုမိုလွယ်ကူအဆင်ပြေစေမယ့် AI နည်းပညာတစ်ခုလို့ ယူဆရမှာပါ။

Teaser video ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Ref: Newatlas

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category