2051 Shares 3416 Views

Oppo က ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ် ရရှိ

Jan 12, 2017
2051 3416

လျှပ်စစ်နဲ့ နည်းပညာ ပစ္စည်းတွေ ဖြန့်ဖြူးနေတဲ့ ကုမ္မဏီတစ်ခုဖြစ်တဲ့ OPPO ဟာ အမေရိကန်နိုင်ငံ Las Vegas မှာ ကျင်းပနေတဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာပစ္စည်းများ ပါဝင်ပြသသော CES 2017 ရဲ့ အမြင့်ဆုံး ဆုတွေ ဖြစ်တဲ့ ၂၀၁၆ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ် နဲ့ ကမ္ဘာ့အကောင်းဆုံးချိတ်ဆက် ထုတ်ကုန် အမှတ်တံဆိပ် ဆုတွေကို လက်ခံရရှိခဲ့တယ် လို့ သိရပါတယ်။

အမေရိကန်နိုင်ငံရှိ Wynn Hotel Las Vegas မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ OPPO ရဲ့ စမတ်ဖုန်းအသစ် ထုတ်လုပ်နိုင်ခြင်း၊ နည်းပညာသစ်တွေ တီထွင်ဖန်တီးနိုင်ခြင်း တို့နဲ့ အတူတူ အသုံးပြုသူတွေရဲ့ သဘောကျနှစ်ခြိုက်မှုများ ရရှိခြင်းတို့ကြောင့် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ်စာရင်းတွင် ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

OPPO အမှတ်တံဆိပ်ဟာ အမေရိကန်အခြေစိုက် International Data Group (IDG) မှ ချီးမြှင့်တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ၂၀စာရင်းမှာ ရွေးချယ်ခံရရုံသာမက ၂၀၁၆-၂၀၁၇ ရဲ့ ကမ္ဘာ့အကောင်းဆုံးချိတ်ဆက်နိုင်သော နာမည်ကျော် အမှတ်တံဆိပ် ၁၅ စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရတယ် လို့ သိရပါတယ်။

“တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူတွေအတွက် တီထွင်ဖန်တီးမှု နည်းပညာအသစ်တွေကို အမြဲမပြတ် လုပ်ဆောင် နေတဲ့ OPPO ရဲ့ ကြိုးစားအားထုတ်မှုကို နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ IDG က အခုလို အသိအမှတ်ပြုတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ဆုကို လက်ခံရယူခဲ့တဲ့ OPPO ရဲ့ နည်းပညာဆိုင်ရာ အစီအစဉ် ဦးဆောင်သူ Luma Lu က ပြောပါတယ်။

OPPO ဟာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာသည့် အချိန်ကနေစပြီး နည်းပညာဆိုင်ရာ အားသာချက်တွေအပြင်၊ ဒီဇိုင်း သေသပ်လှပခြင်း ၊ ဈေးနှုန်းသင့်တင်ခြင်းတွေ ကြောင့် ဈေးကွက်အတွင်း နေရာရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ OPPO F1s စမတ်ဖုန်းတွေဟာလည်း အောင်မြင်မှု အများအပြား ရရှိခဲ့တယ် လို့ သတင်းရရှိပါတယ်။

Source : OPPO

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category