0 Shares 209 Views

မေမေ့အတွက် လက်ဆောင် အိုင်တီပစ္စည်း (၅) မျိုး

Jan 12, 2017
0 209

ဒီနေ့ ဟာ ပြာသိုလပြည့်နေ့ ဖြစ်ပြီး ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ သတ်မှတ်ဆော်သြပေးခဲ့မှုတွေ အရ မြန်မာနိုင်ငံ အမေများနေ့ လည်း ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် က ခေတ်ရှေ့ပြေးနေပေမယ့် ကိုယ့်ရဲ့ မိဘတွေကတော့ နည်းပညာ ရဲ့ ဟိုးနောက်အဝေးကြီးမှာ ပြတ်ကျန်နေခဲ့ပြန်ရင်လည်း မကောင်းပြန်ဘူး နော်။ ဒါကြောင့် ဒီလို အမေများနေ့ မှာ လက်ဆောင်အဖြစ် အမှတ်တရပေးဖို့၊ မေမေ့ကို ပေးဖို့ ဘယ်လို နည်းပညာ ပစ္စည်းတွေ က များ သင့်တော်မလဲ စဉ်းစားကြည့်လိုက်ကြရအောင်။
(၁) ဖုန်း
မေမေ့အတွက် ဘာ ဖုန်းဝယ်ပေးမလဲ ဆိုတာ သိတ်တော့ စဉ်းစားနေဖို့ မလိုပါဘူး။ မေမေ က များသောအားဖြင့် အိမ်မှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ လည်း ရှော့ပင်း ထွက်နိုင်ပါတယ်။ အဲဒီအတွက် High-Tech လည်း မဟုတ်သလို Low-Tech လည်း မဟုတ်တဲ့ Middle Tech လောက် နဲ့ နည်းပညာ ထုတ်ကုန် ဖုန်း ကလေးတွေ ရှိပါတယ်။

မြန်မာငွေ ဈေးနှုန်းအားဖြင့်တော့ ငွေကြေး ၃ သိန်း ၊ ၄သိန်း ပတ်ချာလည် လောက် ဆိုရင် ရပါတယ်။ ပြောချင်တာ က ကိုယ်က ငွေကြေး ပြည့်စုံတိုင်းလည်း မေမေ့ကို အမြင့်ဖုန်းတွေ ၀ယ်ပေးမယ် ဆိုရင် သူဟာ ဖုန်းကို မီးဖိုချောင်ထဲ ယူသွားမယ့် ကိစ္စ ကို ထည့်သွင်းစဉ်းစားရပါမယ်။ အလယ်အလတ်စား ဖုန်း တော်တော်များများ က တော့ ဆီပေတဲ့ ဒဏ် ၊ ရေ၀င်တဲ့ ဒဏ်တွေအပြင် တခြား အညစ်အကြေးဒဏ်တွေ ကို မခံနိုင်ကြပါဘူး။ အဓိက အားဖြင့် ခံနိုင်ရည် ရှိရမယ်။ တစ်ခုခု ပျက်စီး သွားခဲ့ရင်လည်း မေ့မေ့ပျောက်ပျောက် နဲ့ ထားနိုင်မယ့် ဖုန်း မျိုးကို ပိုပြီး သင့်တော်ပါတယ်။ ဒီနေရာမှာ ဖုန်းကို စကားကောင်းကောင်း ပြောနိုင်ဖို့ အတွက်ပဲ အသုံးချစေချင်ပါတယ်။ ဒါဟာ သူ့အတွက် အဆင်ပြေစေပြီး အဲဒီဖုန်း ရဲ့ အကြောင်းအရာ နဲ့ လုပ်ဆောင်ချက်တွေ ၊ အထူးသဖြင့် Setting ပိုင်းကို သင်ကြား ပြသထားပေးသင့်ပါတယ်။

 

(၂) အ၀တ်ခေါက်စက်

ဒီအ၀တ်ခေါက်စက် အကြောင်း ကို ကျွန်ေတာ် တို့ ဒစ်ဂျစ်တယ်တိုင်းမ် မှာ ရေးခဲ့ဖူးပါတယ်။ ဒေါ်လာ ၈၅၀ တန် အ၀တ်ခေါက်စက် ဟာ အ၀တ်တွေကို ကျကျနနခေါက်ပေးနိုင်ပြီး၊ လျှော်ပြီးသားအ၀တ်က တွန့်ရာ၊ခေါက်ရာတွေကိုလည်း ရေနွေးငွေ့နဲ့ မီးပူတိုက်ထားသလို ပြန့်နေအောင် လုပ်ပေးနိုင်ပါတယ်။

FoldiMate လို့ အမည်ပေးထားတဲ့ အဲဒီစက် ဟာ အဆိုပါစက်မှာ စက်ခါးပတ်တစ်ခုနဲ့ စက်ရုပ်လက်တံတွေ နဲ့ အကန့်အရှင်တစ်ခုပါရှိပါတယ်။ FoldiMate စက်ဟာ အ၀တ်အစားအရွယ်အစား၊ အထည်သား နဲ့ အတို၊အရှည်ကိုလည်း အလိုအလျောက်ခွဲခြားသိရှိနိုင်ပြီး၊ တစ်မိနစ်အတွင်းမှာ အ၀တ်အစားမရွေး၊ ကျကျနန ခေါက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီ အမှတ်တရ လက်ဆောင် ဟာ ဈေးတော့ နည်းနည်း ကြီးမှာပေမယ့် သူ့အတွက် အမှတ်တကယ်ကို အသုံးဝင်ပါလိမ့်မယ်။

အ၀တ်ခေါက်စက်

 

(၃) Media Streamer

မေမေ့ကို လက်ဆောင်ပေးဖို့ရာ တစ်ခါတစ်လေ မှာ မေမေ က အသက် ဘယ်လောက် ရှိသလဲ ဆိုတာ လည်း ပြန်လည် ထည့်တွက်ဖို့ လိုပါတယ်။ ကိုယ် ရဲ့ မေမေ ဟာ ကိုရီးယား ၊ တရုတ် ၊ ကုလား စတဲ့ တီဗွီစီးရီးတွဲတွေကို ကြည့်ရှုရတာ နှစ်သက်တဲ့ လူ မျိုးလား ။ ဒါမှမဟုတ် သတင်း လောက် ပဲ ကြည့်တာ လား ။ ဒါမှမဟုတ် အင်တာနက်ပေါ်က အကြောင်းအရာတွေကို စိတ်ဝင်စားတာ လား ဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ သိနိုင်မှာပါ။

ဒီနေရာမှာ Media Streaming ဆိုပေမယ့် မြန်မာနိုင်ငံ ထဲကို ၀င်ရောက်လာတဲ့ Streaming ဟာ ထင်ထင်ရှားရှား မရှိသေးပါဘူး။ အထူးသဖြင့် Game ဘက်ခြမ်း မှာပဲ Streaming တစ်ခု အနေနဲ့ ၀င်ရောက်လာတာ ရှိပြီး သုံးစွဲသူတွေ နဲ့ သိတ်မရင်းနှီးသေးတာရယ်၊ အင်တာနက် နှေးတာရယ် ၊ Streaming Site တွေရဲ့ ကန့်သတ်ချက်တွေ ရယ် ကြောင့် အတိုင်းအတာ တစ်ခု အထိ ပဲ ရှိပါသေးတယ်။

ဒါပေမယ့် မေမေ တော်တော်များများ ကတော့ တီဗွီကြိုက်ကြလေ့ ရှိပါတယ်။ ညနေ ပိုင်း ၆း၀၀ လောက် မှာ ညစာ အတွက် ချက်ပြုတ်အပြီး၊ ရေမိုးချိုးအပြီးမှာ လုပ်လေ့ရှိတာ က သူတို့ TV series တွေ ကြည့်လေ့ရှိတာပါပဲ။ ဒါကြောင့် ဒီနေရာမှာ Media Streaming ဆိုတာ ဟာ TV ဒါမှမဟုတ် TVChannels တွေပဲ လို့ ပြောလို့ ရနိုင်ပါတယ်။ TV ကို လက်မ ကြီးကြီး နဲ့ ၀ယ်ပေးရင်ပေး ၊ မဟုတ်ရင်လည်း အသင့်အတင့် TV ကို Skynet လို Channel လိုင်း ၀ယ်ပြီး သူ့ ရဲ့ စိတ်အပန်းဖြေဖို့ကို ကူညီပေးနိုင်ပါတယ်။
(၄) Tablet

တစ်ခါ တစ်လေ မှာ မီးပျက်တာမျိုး ရှိမယ်။ စနေ၊တနင်္ဂနွေမှာ အခမဲ့ တီဗွီရုပ်သံလိုင်းတွေ က ဇာတ်ကားတွေ မကောင်းတာမျိုးလည်း ရှိမယ်။ တစ်ခါတစ်လေ မှာ အင်တာနက် သုံးရင်း ဖေ့်စ်ဘုတ် ထဲက သတင်းလေးတွေ မွှေနှောက်ချင်တာမျိုး ရှိမယ်။

အဲဒီလို အချိန်မျိုးတွေ အတွက် မေမေ့ကို တက်ဘလက် ကလေး ၁ ခု လက်ဆောင် ၀ယ်ပေးလို့ရပါတယ်။ ဒီလို ပစ္စည်းမျိုးကိုတော့ သူတို့က အချိန် တစ်ခုပေးပြီး သတ်သတ်မှတ်မှတ် ကိုင်တွယ်မှာ ဖြစ်တဲ့အတွက် အဲဒီ တက်ဘလက်ကတော့ အိုင်ပက်လိုမျိုး ဈေးနှုန်းအမြင့်ထဲက ၀ယ်ပေးလို့ရနိုင်ပါတယ်။ အဲဒီအထဲ မှာ အင်တာနက် ၊ ဖေ့စ်ဘုတ် ချိတ်ဆက်ပြီး သူမ အကောင့်နဲ့ ဖေ့စ်ဘုတ် သတင်းတွေ ဖတ်ရှုဖို့ စီမံထားတာ ၊ သစ်သီးခူးတဲ့ ဂိမ်းကလေးတွေ နဲ့ လယ်သမားဂိမ်းလေးတွေ ထည့်သွင်းပေးထားတာ ဟာ သူတို့ကို စိတ်ကျေနပ်မှု ရရှိစေပါတယ်။

Tablet အပါအ၀င် နည်းပညာမြင့် ပစ္စည်းတွေ ဟာလည်း လူငယ်တွေတင် မကပဲ သူတို့ကိုယ်တိုင် လည်း ကိုင်လို့ ရပါတယ် ဆိုတဲ့ အမြင်နဲ့ အတူတူ နည်းပညာ ပစ္စည်းအသစ်တွေ ကြောင့် ရရှိလာတဲ့ ပီတိကလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

 

(၅) Portable Battery Charger

တချို့မေမေတွေကတော့ သူတို့ကိုယ်တိုင် က အရမ်းကို ခေတ်မှီပါတယ်။ သူတို့ကိုယ်တိုင် က အလုပ် နဲ့ လက်နဲ့ မပြတ်အောင် လုပ်တဲ့ သူတွေ ရှိသလို အသက် အရွယ် ကြီးရင်တဲ့ အချိန်အထိ ရုံး ၊ ကုမ္ပဏီ လိုမျိုးတွေမှာ လုပ်ငန်းခွင် ၀င်ပြီး သား၊ သမီးကို စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးနေရစမြဲပါ။

အဲဒီလိုမျိုးအတွက် ကတော့ သူရဲ့ ဖုန်း ၊ တက်ဘလက်တွေ ကို အားသွင်းပြီး အချိန်မရွေး ခရီးဝေး ကို ယူဆောင်သွားစေနိုင်မယ့် ဘက်ထက်ရီအားသွင်းစက် ကလေး ဆိုရင် မဆိုးပါဘူး။ ပါဝါများများ နဲ့ ၀ယ်ထားလိုက်ရင် တစ်ခါသွင်း ပေးထားရင် အနည်းဆုံးတော့ ၂ ရက်လောက်တော့ ဆက်တိုက် အလုပ်လုပ်လို့ရမှာ ဖြစ်တဲ့အတွက် ကိုယ်နဲ့လည်း ပလပ်ကြိုးလုစရာ မလိုတော့ဘူး လေ။

  • အခြား

တချို့ပေးသင့်၊ ပေးထိုက်တဲ့ ပစ္စည်းလေးတွေ အများကြီး ရှိပါသေးတယ်။ ကော်ဖီဖျော်စက် ၊ အလိုအလျှေက်တိုက်တဲ့ မီးပူ၊ အ၀တ်လျှော်စက် ၊ GPS Tracker, SimCard, TPLink Router,Faster Router , Personal Assistant စသဖြင့် အများကြီး ရှိပါသေးတယ်။

အဓိက အားဖြင့်တော့ ကိုယ်ကိုယ်တိုင် က နည်းပညာ လောကမှာ ဆရာတစ်ဆူ အဖြစ် ကျင်လည်နေပေမယ့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ မိသားစု ၊ မိခင် ဖြစ်သူကတော့ နည်းပညာ ပိုင်း မှာ ဘာတစ်ခု မှ မသိနေတဲ့ အဖြစ်မျိုး မဖြစ်စေဖို့အတွက် အမှတ်တရ လက်ဆောင်ကလေးတွေ ကို ပေးသွားကြနိုင်စေဖို့ ဖော်ပြလိုက်ရတာပါ။

 

 

Ref : Inc , Bgr , Businessinsider

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Most from this category