0 Shares 4957 Views

ဂြိုလ်သား ရှာမယ့် Stephen Hawking နဲ့ Mark Zuckerberg

Jan 12, 2017
0 4957

ကမ္ဘာ့ အကျော်ကြားဆုံး လူ ၃ ယောက်ကတော့ ဂြိုလ်သားရှာဖို့ စိုင်းပြင်းနေကြပါပြီ။ Facebook တည်ထောင်သူ Mark Zuckerberg ၊ ရုရှား စွန့်ဦးတီထွင် လုပ်ငန်းရှင် Yuri Milner နဲ့ ရူပဗေဒပညာရှင် Stephen Hawking တို့က Alpha Centauri လို့ အမည်ပေးထားတဲ့ ကြယ်စု တည်နေရာမှ ဂြိုလ်များမှာ ဂြိုလ်သား ရှာဖွေတော့မှာ ဖြစ်ပါတယ်။ သူတို့က ဒီလိုလုပ်ဖို့ Very Large Telescope ကို အဆင့်မြှင့်ဖို့ စီစဉ်နေပါတယ်။

အဲဒီ တည်နေရာမှ ဂြိုလ်များဟာ သက်ရှိများ အသက်ရှင်နိုင်တဲ့ အခြေအနေရှိပြီး ကမ္ဘာကနေ အလင်းနှစ် ၄ ခု အကွာအဝေးမှာ တည်ရှိတယ်လို့ European Southern Observatory (ESO) က ပြောပါတယ်။ “ ဒီစီမံကိန်းဟာ ကျွန်တော်ရယ် ၊ Mark Zuckerberg ရယ်၊ Stephen Hawking ရယ် Alpha Centauri ကို အာကာသယာဉ်ငယ်တစ်စီး စေလွှတ်မယ့် Breakthrough Starshot စီမံကိန်းကို ရေးဆွဲ အပြီးမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Breakthrough Starshot စီမံကိန်းဟာ Alpha Centauri ကို သွားမယ့် တန်ဖိုးနည်း အာကာသယာဉ်ကို တီထွင်မှာလည်း ဖြစ်ပြီး လာမယ့် အနှစ် ၂၀ အတွင်းမှာ အဲဒီကို ရောက်ဖို့ ရည်ရွယ်ထားပါတယ်။ “ လို့ Milner က Daily Mail ကို ပြောပါတယ်။

လက်ရှိ Very Large Telescope ကို အဆင့်မြှင့်လိုက်ရင် Alpha Centauri ကြယ်စနစ်မှ ဂြိုလ်များမှာ ဂြိုလ်သားများကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်လို့ ပညာရှင်များက ပြောပါတယ်။ အဆင့်မြှင့်ဖို့အတွက် ငွေဘယ်လောက် သုံးမယ်ဆိုတာကို မသိရသေးပါဘူး။

ref : daily mail

You may be interested

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
673 shares408 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်
Apple, Huawei, HUBS
314 shares202 views

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်

Ko Thuya - Sep 19, 2017

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို…

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို
Apple, smartwatch
178 shares65 views

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို

Zar Ni Nyein Tun - Sep 19, 2017

Apple ရဲ့ ထုတ်ကုန်ဝယ်လိုအားဖော်ပြမှုမှတ်တမ်းကို KGI လုံခြုံရေးအဖွဲ့အစည်းက Ming-Chi Kuo မှ ဒီနေ့မှာ ဖော်ပြခဲ့ပြီး iPhone X ရဲ့ ပြည်ပဝယ်လိုအားအပေါ် တင်ပို့မှုကို သုံးသပ်ခဲ့ပါတယ်။ iPhone X ရဲ့ ကြိုတင်ဝယ်ယူမှုဟာ ဒီလထဲမှာ အရှိန်အဟုန်နဲ့ မြှင့်တက်ခဲ့တယ်ဆိုပေမယ့်…

Most from this category