0 Shares 158 Views

Meizu က ဇန်န၀ါရီလ ၂၇ ရက်မှာ M5s ကို မိတ်ဆက်မည်

Jan 12, 2017
0 158

Meizu က ဇန်န၀ါရီလ ၂၇ ၇က်မှာ ကျင်းပမယ့် ပွဲအတွက် ဖိတ်စာများကို မီဒီယာများအား ဝေငှလိုက်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Meizu M5s ကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီဖုန်းရဲ့ သတင်းများဟာ ပြီးခဲ့တဲ့ လကတည်းက ထွက်ပေါ်နေပါတယ်။ ယခင်နှစ် ဒီဇင်ဘာလမှာ M5s ရဲ့ ဓါတ်ပုံများ စတင် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူ့ရဲ့ သတင်းအချက်အလက်များ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်များကို မသိခဲ့ရပါဘူး။ Meizu က ဖေဖော်ဝါရီလမှာလည်း Meizu 5S ကို မိတ်ဆက်မယ်လို့ သိရပါတယ်။ Meizu က ယခုနှစ်မှာ Devices အသစ် ၆ လုံးကို မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းများအရ Meizu M5s မှာ ၅.၂ လက်မ LCD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ MediaTek MT6753 Chipset မောင်းနှင်မှာ ဖြစ်ပြီး 1.3GHz Cortex A53 Core ၈ လုံး တပ်ဆင်ထားပါတယ်။ Meizu M5s ဟာ Meizu M5 ရဲ့ မျိုးဆက်သစ်ဖြစ်နိုင်သလို သူ့ရဲ့ အရွယ်သေး အမျိုးအစားလည်း ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုက Meizu ဟာ ၂၀၁၇ ခုနှစ်အတွက် စီမံကိန်းကြီးများရှိပြီး Meizu M5s ဟာ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။

ref : gsm arena

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Most from this category