0 Shares 758 Views

PC နဲ့ Mac တို့ရဲ့ အဓိက ခြားနားချက်များ

Jan 12, 2017
0 758

PC နဲ့ Mac တို့ရဲ့ ပြိုင်ပွဲဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ Microsoft က မကြာခင်ကပဲ Touch Bar Controls များပါတဲ့ MacBook Pro Series များကို ယှဉ်ပြိုင်ဖို့ သူ့ရဲ့ ပထမဆုံး Surface Studio Desktop PC ကို မိတ်ဆက်ခဲ့ပါတယ်။ PC နဲ့ Mac အကြား ၀ယ်ယူဖို့ ဗျာများနေသူများအတွက် အဓိက ခြားနားချက်များကို ဖော်ပြလိုက်ပါတယ်။

Apple က ဒီဇိုင်းအပိုင်းမှာ သာလွန်ပါတယ်။

Apple က သူ့ထုတ်ကုန်များရဲ့ ဒီဇိုင်းကို နှစ်များစွာကြာ အချိန်ယူ တည်ဆောက်ပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းများကိုတောင် လှပစွာ ဖန်တီးလေ့ရှိပါတယ်။

Microsoft ကလည်း အမှီလိုက်နေပါတယ်။

Microsoft ရဲ့ Surface Studio PC ဟာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းကြောင့် ရေပန်းစားနေပါတယ်။ Microsoft Surface Pro 4 Tablet နဲ့ Surface Book Laptop များကလည်း အလွန်လှပပါတယ်။ Dell နဲ့ Asus တို့က Microsoft နဲ့ ပူးပေါင်းပြီး အကောင်းစား ၀င်းဒိုး လက်တော့နဲ့ တက်ဘလက်များကို ထုတ်လုပ်နေပါတယ်။

Mac များက Windows PC ထက် ဈေးကြီးပါတယ်။

ပျမ်းမျှအားဖြင့် Mac များဟာ ၀င်းဒိုးပြိုင်ဖက်များထက် ဈေးကြီးပါတယ်။ Specification ချင်း တူရင်တောင် ဈေးပိုများပါတယ်။ Windows Laptop တစ်လုံးရဲ့ ဈေးဟာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၅၀၀ လောက်ရှိပြီး MacBook Air Laptop တစ်လုံးကတော့ ဒေါ်လာ ၉၉၉ ဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ တန် ၀င်းဒိုးလက်တော့တောင် ရှိပါတယ်။

PC Gamer များအတွက် ၀င်းဒိုးက ပိုကောင်းပါတယ်။

ပီစီများဟာ Customize ပိုမိုလုပ်နိုင်တဲ့အတွက် ဂိမ်မာများက ၀င်းဒိုးကို ပိုကြိုက်ကြပါတယ်။ ၀င်းဒိုး ပီစီ ထုတ်လုပ်သူများစွာက သူတို့ရဲ့ လက်တော့များအတွက် Graphics Card ကနေ Processor , RAM များအထိ ရွေးချယ်နိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။ ဒါ့အပြင် ၀င်းဒိုးဂိမ်းများက Mac ထက်ပိုများပါတယ်။

Apple ရဲ့ Customer Support က ပိုကောင်းပါတယ်။

သင့်ရဲ့ Mac ပျက်သွားရင် Appointment ပြုလုပ်ပြီး နီးစပ်ရာ Apple Store မှာ ပြင်နိုင်ပါတယ်။ တစ်ခါထဲနဲ့ ပြင်လို့ရရင် အခမဲ့ ၀န်ဆောင်မှုပေးပါတယ်။ Microsoft ရဲ့အရောင်းဆိုင်များမှ ၀န်ဆောင်မှုကလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့ရောင်းတဲ့ ၀င်းဒိုး ပီစီမဟုတ်ရင် ထုတ်လုပ်သူထံ ပို့ဆောင်ပြီး ပြင်ခိုင်းတဲ့အတွက် အချိန်ကုန်ပါတယ်။ နောက်ပြီး Apple Store များက Microsoft ထက် ပိုများပါတယ်။

Mac များက ပိုမိုလုံခြုံပါတယ်။

ကမ္ဘာအ၀န်းမှာ Mac များထက် ၀င်းဒိုးပီစီကို ပိုသုံးကြတဲ့အတွက် ဟက်ကာတွေက Mac တွေကို ပစ်မှတ် သိပ်မထားပါဘူး။ နောက်ပြီး Apple ရဲ့ Mac OS ဟာ Unix ဖြင့် ဖန်တီးထားတာကြောင့် ၀င်းဒိုးထက် ပိုမိုလုံခြုံပါတယ်။

ရွေးချယ်စရာ ၀င်းဒိုးပီစီများ ပိုမိုများပါတယ်။

ဝင်းဒိုး ပီစီ ထုတ်လုပ်သူများက ရွေးချယ်စရာများစွာကို ဖန်တီးပေးထားပါတယ်။ Microsoft တောင် Hardware ထုတ်လုပ်နေပါပြီ။ HP, Acer, Lenovo, Dell နဲ့ အခြား ထုတ်လုပ်သူများစွာ ရှိပါတယ်။ Microsoft က Windows 10 ကို Laptop, Desktop, Tablet, Smartphone, HoloLens အားလုံးမှာ သုံးနိုင်အောင် ပြုလုပ်နေပါတယ်။

ထိတွေ့မျက်နှာပြင်ပါတဲ့ ၀င်းဒိုးပီစီများ များပြားလာပါပြီ။

Microsoft က Windows 8 မှာ ကတည်းက ထိတွေ့မျက်နှာပြင်ဟာ အနာဂတ် ပီစီဖြစ်ဖို့ ကြိုးစားနေပါတယ်။ ထိတွေ့မျက်နှာပြင်ပါတဲ့ ၀င်းဒိုးပီစီများစွာ ထွက်ပေါ်လာပါပြီ။ Apple MacBook Laptop များမှာတော့ ထိတွေ့မျက်နှာပြင် မပါသေးပါဘူး။

Mac နဲ့ iPhone များက အချိုးကျကျ တွဲဖက်ညီပါတယ်။

Apple က iPhone နဲ့ Mac ၂ ခုစလုံးကို ထုတ်လုပ်တာဖြစ်တဲ့အတွက် သူတို့ ၂ ခုဟာ အချိုးကျကျတွဲဖက်ညီပါတယ်။ သင့်ရဲ့ iPhone နဲ့ Mac အကြားမှာ Messages App ကနေ ဒေတာများကို Sync လုပ်နိုင်ပါတယ်။ ဖုန်းနဲ့ လက်တော့အကြားမှာ ဖိုင်များ၊ ဓါတ်ပုံများကို ပေးပို့နိုင်တဲ့ Airdrop ၊ ဖုန်းမှာ ရေးလက်စ အီးမေးကို လက်တော့မှာ ဆက်ရေးနိုင်တဲ့ Handoff စွမ်းဆောင်ချက်များက အသုံးဝင်ပါတယ်။ Windows မှာတော့ ဒီလို စွမ်းဆောင်ချက်များ မရှိသေးပါဘူး။

ref : business insider

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category