5 Shares 585 Views

မြန်မာငွေ တစ်သောင်းကျော်လောက်သာ ကျသင့်မယ့် အွန်လိုင်း သင်တန်းများ

Jan 12, 2017
5 585

နှစ်သစ်ရောက်လာတိုင်း တစ်နှစ်ထက် တစ်နှစ် အရည်အသွေး တိုးတက်ဖို့ ကြိုးစားကြရမှာပါ။ ဒီနှစ်မှာလည်း နာမည်ကြီး အွန်လိုင်းအခြေပြု ပညာသင်ကြားရေး ၀က်ဆိုက် Udemy က မြန်မာငွေ တစ်သောင်းကျော်လောက်သာ ကျသင့်မယ့် သင်တန်းများကို ဖွင့်လှစ်ထားပါတယ်။ အဲဒီအထဲက ကောင်းနိုးရာရာများကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

MBA ( မူလဈေးနှုန်း – ဒေါ်လာ ၂၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

MBA သင်ရိုးများကို တစ်ခုထဲအဖြစ် သင်ကြားပေးမယ်လို့ ကြော်ညာထားပါတယ်။ သင်တန်းသားများက Micro , Macro Economics များ၊ ကုမ္ပဏီ တန်ဖိုးတွက်ချက်နည်းများ၊ ရင်းနှီးမြှပ်နှံမှု ဘဏ်များရဲ့ အခြေခံ သဘောတရား၊ စီမံခန့်ခွဲမှု အတိုင်ပင်ခံများရဲ့ အလုပ်များကို သင်ကြားရမှာပါ။

Complete Web Developer Course 2.0 ( မူလဈေးနှုန်း – ဒေါ်လာ ၂၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

ဝက်ဆိုက်ဒီဇိုင်းနဲ့ Mobile Apps များ ဖန်တီးချင်သူများကတော့ ဒီသင်တန်းကို တက်ရမှာပါ။ သင်တန်းကာလ ၆ ပတ်အတွင်းမှာ ၀က်ဆိုက်ရေးသားနိုင်မှာပါ။ Udemy ရဲ့ အခြားသင်တန်းများထက် နာမည်ကြီးပြီး ကြယ်ငါးပွင့် အဆင့် သတ်မှတ်ခြင်း ခံထားရပါတယ်။

စာရေးသင်တန်း ( မူလဈေးနှုန်း – ဒေါ်လာ ၂၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

ဘလော့ဂါများအတွက် ပရောဖက်ရှင်နယ် စာရေးဆရာများက သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။

The Ultimate Excel Programmer Course ( မူလဈေးနှုန်း – ဒေါ်လာ ၂၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

Excel အခြေခံ ရှိသူများအတွက် VBA , Coding Language of Excel များ၊ Macro နဲ့ Automation ပြုလုပ်နည်းများကို သင်ကြားပေးမှာဖြစ်ပါတယ်။

လူမှုကွန်ရက်များမှာ Brand တစ်ခု အောင်မြင်အောင် တည်ဆောက်နည်း
( မူလဈေးနှုန်း – ဒေါ်လာ ၁၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

လူမှုကွန်ရက်များမှာ သင့်စီးပွားရေးကို အောင်မြင်အောင် ဈေးကွက်ချဲ့ထွင်ချင်သူများအတွက် အသုံးဝင်တဲ့ သင်တန်း ဖြစ်ပါတယ်။

iOS 10 Developer Course – Build 21 Apps ( မူလဈေးနှုန်း – ဒေါ်လာ ၂၀၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

iOS 10 အတွက် Apps များ ဒီဇိုင်းဆွဲနည်းနဲ့ ဖန်တီးနည်းကို သင်ကြားပေးမှာ ဖြစ်ပြီး သင်ခန်းစာပေါင်း ၂၀၀ ကျော်ရှိပါတယ်။ သင်တန်းကာလမှာ နာရီ ၂၀ ဖြစ်ပါတယ်။

မှတ်ဥာဏ်ကောင်းစေတဲ့ သင်တန်း ( မူလဈေးနှုန်း – ဒေါ်လာ ၁၇၅ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

ဒီသင်တန်းကတော့ သင့်မှတ်ဥာဏ်ကို လေ့ကျင့်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ စာဖတ်မြန်အောင် အရင် သင်ကြားပေးမှာ ဖြစ်ပြီး မှတ်ဥာဏ်ကို တိုးတက်စေတဲ့ လေ့ကျင့်ခန်းများ ပါပါတယ်။ ကျောင်းသားများအတွက် သင့်တော်ပါတယ်။

ဓါတ်ပုံ သင်တန်း ( မူလဈေးနှုန်း – ဒေါ်လာ ၅၀ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

ဓါတ်ပုံရိုက်ကူးတာကို ၀ါသနာပါသူများအတွက် အဆင့်မြင့်နည်းလမ်းများကို သင်ကြားပေးမှာပါ။ ဓါတ်ပုံရိုက်တာက အစ Edit ပြုလုပ်နည်းများ ပါဝင်ပါတယ်။

Social Media Marketing 2016 ( မူလဈေးနှုန်း – ဒေါ်လာ ၂၉၉ ၊ ယခုဈေးနှုန်း – ၁၀ ဒေါ်လာ )

လူမှုကွန်ရက်များမှာ စီးပွားရေးလုပ်ငန်းကို ဈေးကွက်ချဲ့ဖို့ လိုအပ်တဲ့ နည်းလမ်းများကို သင်ကြားပေးပါတယ်။ ပလက်ဖောင်းမျိုးစုံမှာ သင့်ထုတ်ကုန်များကို လူမြင်မှုများအောင် အသုံးပြုရမယ့် နည်းလမ်းများ ပါဝင်ပါတယ်။

ref : business insider

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Most from this category