မိသားစုအကုန်လုံး လွယ်ကူသန့်ရှင်းစွာအသုံးပြုနိုင်တဲ့ စမတ်သာမိုမီတာ

Feb 02, 2016
0 4

ချိုင်းအောက်၊လျှာအောက်မှာထည့်ပြီး ကိုယ်အပူချိန်တိုင်းရတဲ့ပြဒါးသာမိုမီတာတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတဲ့အပြင်၊ အသုံးပြုရတာလည်း အနည်းငယ်ခက်ခဲမှုရှိပါတယ်။

အခုအခါမှာတော့၊ မိသားစုဝင်တိုင်း၊ သန့်သန့်ရှင်းရှင်း၊ လွယ်ကူစွာအသုံးပြုနိုင်တဲ့ စမတ်သာမိုမီတာထွက်ပေါ်လာပါပြီ။

Thermo လို့အမည်ပေးထားတဲ့ စမတ်အပူချိန်တိုင်းကိရိယာကို ပြင်သစ်နည်းပညာပစ္စည်းကုမ္ပဏီ Withings ကုမ္ပဏီကထုတ်လုပ်ထားတာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် CES ပြပွဲမှာ စတင်မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။

Thermo အသုံးပြုပုံကတော့ တစ်ဖက်ကအစိမ်းရောင်ခွက်ပုံစံကို နားထင်မှာထောက်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ စမတ်သာမိုမီတာမှာပါရှိတဲ့ အနီအောင်ရောင်ခြည်သုံးအာရုံခံကိရိယာ ၁၆ ခုက ကိုယ်အပူချိန်ကို နှစ်စက္ကန့်အတွင်း အတိအကျတိုင်းတာပေးမှာဖြစ်ပါတယ်။

တိုင်းတာလို့ရတဲ့ကိုယ်အပူချိန်ကို စမတ်သာမိုမီတာရဲ့ LED ဖန်သားပြင်မှာဖော်ပြမှာဖြစ်ပြီး၊ ကိုယ်အပူချိန်ကသာမန်ဆို ဖန်သားပြင်မှာ အစိမ်းရောင်စာလုံး၊ အပူချိန်မြင့်နေရင် လိမ္မော်ရောင်စာလုံး၊ အဖျားတက်နေရင် အနီရောင်စာလုံး စသဖြင့် လွယ်ကူစွာခွဲခြားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Thermo ကိရိယာကို Bluetooth ဒါမှမဟုတ် Wi-Fi ကနေ မိမိစမတ်ဖုန်းနဲ့လည်း ကြိုးမဲ့ဆက်သွယ်နိုင်ပြီး၊ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အပူချိန်ကို မှတ်တမ်းတင်ထားနိုင်တယ်လို့သိရပါတယ်။

သာမန်ပြဒါးသာမိုမီတာတွေနဲ့ အပူချိန်တိုင်းဖို့ ခက်ခဲတဲ့ ကလေးတွေအတွက် ယခု စမတ်သာမိုမီတာဟာ တော်တော်အသုံးဝင်ပြီး၊ မိမိကလေးအိပ်နေချိန်မှာတောင် ကိုယ်အပူချိန်ကို တိုင်းတာနိုင်ပါတယ်။ မိသားစုဝင်တစ်ယောက်ချင်းစီအတွက် သီးသန့်ပရိုဖိုင်တွေဖန်တီးကာလည်း တစ်ဦးချင်းစီရဲ့ကိုယ်အပူချိန်မှတ်တမ်းကို သိမ်းဆည်းထားနိုင်တယ်လို့ သိရပါတယ်။

AAA ဓာတ်ခဲနှစ်လုံးထည့်ထားရုံနဲ့ အချိန် နှစ်နှစ်ကြာအသုံးခံပြီး၊ တန်ဖိုးကတော့ ၉၉ ဒေါ်လာရှိပါတယ်။

2FCFE55800000578-3385187-The_Thermo_pictured_left_is_a_digital_thermometer_which_can_send-a-18_1451993459970

Ref: USA Today

 

 

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares15 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Most from this category