Drone တွေကိုဖမ်းဆီးမယ့် သိမ်းငှက်ရဲ

နယ်သာလန်နိုင်ငံက ဒတ်ချ်ရဲတွေဟာ လူမဲ့လေယာဉ်(Drone) တွေကိုဖမ်းဆီးဖို့ လူမဲ့လေယာဉ်ဖျက်လက်နက်တစ်ခုအဖြစ် အထူးလေ့ကျင့်ထားတဲ့ သိမ်းငှက်တွေကိုအသုံးပြုတော့မှာဖြစ်တယ်လို့ တနင်္ဂနွေနေ့က YouTube ဗီဒီယိုတစ်ခုမှာ ဖော်ပြချက်အရသိရပါတယ်။ ဒီဗီဒီယိုမှာ ဒတ်ချ်ရဲတွေရဲ့ သိမ်းငှက်ဟာ သာမန်တစ်ကိုယ်ရေ ဒရုန်းတစ်ခုကို ထိုးသုတ်ဖမ်းဆီးတာကို ရိုက်ပြီးတော့ တင်ထားတာဖြစ်ပါတယ်။

လေးထောင့်ပုံစံ ဒရုန်းလေယာဉ်တစ်ခုဟာ မနှစ်က အမေရိကန်အိမ်ဖြူတော်ရဲ့ မြေပြင်ကိုပျက်ကျခဲ့ပြီးနောက်မှာ UAVs လို့ခေါ်တဲ့ လူမဲ့လေယာဉ်တွေကို လုံခြုံရေးအတွက် စောင့်ကြည့်ဖို့ထောက်ပြစရာ တွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဖြစ်ပွားပြီး နှစ်ပတ်အကြာ ပြင်သစ်နိုင်ငံ၊ ပဲရစ် မှာလည်း ဒရုန်းလေယာဉ်ငယ်တစ်စင်းဟာ ပြင်သစ်သမ္မတရဲ့ နန်းတော်အပေါ်ကို ဖြတ်ပြီးပျံသန်းခဲ့ပါသေးတယ်။

ဒရုန်းတွေရဲ့ သေးငယ်တဲ့အရွယ်အစားနဲ့ မြေပြင်ကနေ နိမ့်ပါးစွာပျံသန်းနိုင်မှုစွမ်းရည်တွေဟာ လုံခြုံရေးကိစ္စတွေအတွက်တော့ ခေါင်းကိုက်စရာဖြစ်ခဲ့ပြီး သတိပေးနေသလိုတောင်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီလို ခြိမ်းခြောက်နေတဲ့ ဒရုန်းတွေကိုနှိမ်နင်းတဲ့နေရာမှာ ဒရုန်းကို ဒရုန်းနဲ့ပြန်လည်ဖမ်းဆီးတာကလည်း ခေတ်စားပါတယ်။ ဥပမာ အမေရိကန်နဲ့ ဂျပန်က ပညာရှင်တွေဟာ အန္တရာယ်ရှိအောင်ပျံသန်းနေတဲ့ ဒရုန်းတွေကို ပိုက်ကွန်တပ်ထားတဲ့ ဒရုန်းတွေလွှတ်ပြီး ဖမ်းဆီးစေတာကလည်း အောင်မြင်မှုရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ခဲ့ပါတယ်။

အမေရိကန်တပ်မတော်ဟာ ဒရုန်းဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က ဒရုန်းတွေကိုလေဆာလက်နက်နဲ့ပစ်ချတဲ့လုပ်ဆောင်ချက်ကို စမ်းသပ်ခဲ့ပါတယ်။ ယခုတစ်ခါမှာလည်း နယ်သာလန်ရဲတွေဟာ ဒရုန်းတွေကိုဖမ်းဆီးနိုင်တဲ့ စမ်းသပ်ချက်ကို ပြုလုပ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Ref: Fox News

%d bloggers like this: