MPT SIM ကဒ်မှတ်ပုံတင်ခြင်းကို MPT4U app ဖြင့် အလွယ်တကူပြုလုပ်နိုင်ပြီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ရဲ့ MPT4U app ကို အသုံးပြုပြီး MPT SIM ကဒ် မှတ်ပုံတင်ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ MPT4U app ကို Android သုံးစွဲသူတွေအနေနဲ့ Google Play Store နဲ့ iOS သုံးစွဲသူတွေအနေနဲ့ Apple App Store တို့ပေါ်ကတစ်ဆင့် အခမဲ့ download ရယူနိုင်မှာဖြစ်ပါတယ်။

MPT4U app ကနေတစ်ဆင့် SIM ကတ်မှတ်ပုံတင်ခြင်းပြုလုပ်ပုံအဆင့်ဆင့်

  • Android အသုံးပြုသူများ ဒီနေရာမှာ ဒေါင်းပါ။
  • iOS အသုံးပြုသူများ ဒီနေရာမှာ ဒေါင်းပါ။
  • Download ရယူပြီးရင်တော့ app ကို ဖွင့်ကာ Login ဝင်ဖို့အတွက် MPT အင်တာနက်ကို အသုံးပြုရမှာဖြစ်ပါတယ်။ (Wi-Fi နဲ့မရပါ)
  • Web Self Care (care.mpt.com.mm) မှာ SIM ကဒ်မှတ်ပုံတင်ခြင်း မပြုလုပ်သေးခင် လျှို့ဝှက်နံပါတ်ကိုရိုက်ပါ။
  • လျှို့ဝှက်နံပါတ်သည် အနည်းဆုံး (၈)လုံး ပါရှိရမည်။ (ဂဏန်း သို့မဟုတ် အက္ခရာများအားလုံး မဖြစ်ရပါ)

SIM ကဒ် မှတ်ပုံတင်ရန် ပြုလုပ်ပုံအဆင့်ဆင့်

  • မိမိရဲ့ ကိုယ်ရေး အကျဉ်းကို ဝင်ပါ။
  • မိမိနာမည်ကို ဖြည့်သွင်းပါ။
  • မိမိရဲ့ မှတ်ပုံတင်နံပါတ်ကိုဖြည့်သွင်းပါ။
  • ဓာတ်ပုံရိုက်ထားသော မိမိရဲ့ မှတ်ပုံတင် ရှေ့ဘက်ခြမ်းနဲ့ နောက်ဘက်ခြမ်းကို upload လုပ်ပါ။ (မှတ်ပုံတင်မရှိပါက နိုင်ငံကူးလက်မှတ်ကို ရိုက်တင်ပါ)
  • တင်သွင်းခြင်းဆောင်ရွက်ပါ။

%d bloggers like this: