2 Shares 238 Views

Apple က iGlass မျက်မှန်ထုတ်တော့မှာလား

Jan 11, 2017
2 238

ပြီးခဲ့တဲ့ လ က ၁၈ ဘီလီယံတန်ကြေးရှိတဲ့ SnapChat ကုမ္ပဏီ ဟာ ဗီဒီယိုကင်မရာ ပါဝင်တဲ့ ဒေါ်လာ ၁၀၀ တန် နေကာမျက်မှန်တွေကို ထုတ်လုပ်မယ် လို့ ကြော်ငြာခဲ့ပြီးနောက်မှာ Apple ကုမ္ပဏီက iGlass (အမည်မသေချာ) ဆိုတဲ့ Wearable မျက်မှန်တွေကို ထုတ်လုပ်သွားနိုင်ဖွယ်ရာ ရှိနေတယ် လို့ ထင်ကြေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရောင်းဈေးသိတ်မရှိပေမယ့် အမြတ်အစွန်း နဲ့ ပရိသတ်စိတ်ဝင်စားမှု နည်းပါးလွန်းလှတဲ့ Google Glass တွေကို ဆက်မထုတ်တော့ဘူး လို့ Alphabet Inc က အခုနှစ် အစောပိုင်းကကြော်ငြာခဲ့ပါတယ်။ Alphabet Inc ဆိုတာ ဂူးဂဲလ်ရဲ့ တည်ထောင်သူနှစ်ယောက် တွဲဖက် တည်ထောင်ထားခဲ့တာ ဖြစ်ပြီး Google အတွက် Google Glass တွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ Google Glass ကို ဆက်မထုတ်ဖြစ်တော့ဘူး လို့ ကြော်ငြာပြီးခဲ့တဲ့အချိန်မှာ iGlass တွေရဲ့ သတင်းကို ဟိုတစ ၊ ဒီတစ ကြားခဲ့ရပေမယ့် Apple ကတော့ ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဓိက ပြိုင်ဘက် ဖြစ်ဖွယ်ရှိတဲ့ Google Glass က တပ်ခေါက်သွားတဲ့ အချိန်မှာ iGlass ထွက်လာမယ် ဆိုတာ ဟာ ဈေးကွက်အနေအထားပိုင်းနဲ့ တွက်ဆကြည့်ရင် အများကြီး ဖြစ်နိုင်ခြေရှိတယ် လို့ ပညာရှင်တွေက ထင်ကြေးပေးပါတယ်။

စမတ်မျက်မှန်ဈေးကွက်ကို Apple ဟာ စတင်ရွေ့လျားနေပြီ ဆိုပြီး Dailymail က သတင်ပေးခဲ့ပါတယ်။ အဲဒီအပြင် မှာ စမတ်မျက်မှန်တွေကို Apple ကုမ္ပဏီ က စိတ်ဝင်စားနိုင်ရတဲ့ အကြောင်းခြင်းရာတွေကိုပါ ဖော်ပြပေးခဲ့ပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ iGlass ကို တာဝန်ယူလုပ်ကိုင်သွားမယ့် ကုမ္ပဏီ လို့ ယူဆရတဲ့ Carl Zeiss ရဲ့ အကြောင်းအရာတွေ ပါ နောက်ဆက်တွဲပါဝင်လာခဲ့ပါတယ်။ Carl Zeiss ဟာ ၈ျာမနီအခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်ပြီး Lens တွေအတွက် တာဝန်ယူထားရတဲ့အပြင် Appple နဲ့ တွဲပြီး စမတ်မျက်မှန်တွေ ဖန်တီးနေတယ် လို့ CNet ဆိုပါတယ်။ အဲဒီ iGlass မှာ AR နည်းပညာ သုံးစွဲထားမှာ ဖြစ်ပြီး AR နည်းပညာ ဟာ အရမ်းကောင်းပါတယ် ကျွန်တော်တို့ အနေနဲ့ တခြား ထုတ်ကုန်တွေမှာ အဲဒီ နည်းပညာကို ထပ်မံသုံးစွဲသွားဖို့ ပြင်ဆင်ထားတယ် ဆိုပြီး အမှုဆောင်အရာရှိချုပ် မစ္စတာတင်ကွတ် က အစည်းအဝေး တစ်ခု မှာ ပြောကြားခဲ့ဖူးတဲ့အတွက် ယခု ၂၀၁၇ အောက်တိုဘာ လ အတွင်းမှာပဲ နှစ်တော်တော်ကြာအောင် ရပ်တန့်ထားတဲ့ ဒီ Project ဖြစ်တဲ့ iGlass နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အကုန်အစင် သိလာရမှာ ဖြစ်တယ် လို့ သတင်းတွေက ဆိုပါတယ်။

Ref : DailyMail, Bloomberg

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1111 shares128 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category