0 Shares 14 Views

Desktop ကွန်ပျူတာတွေမှာ google.com ထက်ပိုခေတ်စားတဲ့ YouTube

ဗီဒီယိုကြည့်ရှုမှုပလက်ဖောင်း YouTube က ကုမ္ပဏီတူ Google ကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယမြှောက်ဝင်ရောက်မှုအများဆုံး ဆိုက်အဖြစ်ရောက်ရှိခဲ့ပါတယ်။ ပထမဦးဆုံးအဖြစ် youtube.com ဟာ google.com ကိုကျော်တက်ပြီး လူကြည့်အများဆုံးအဖြစ်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုပလက်ဖောင်းအနေနဲ့ Destop ကွန်ပျူတာက နေဝင်ရောက်မှုမှာ Search Engine ကြီး Google ကို ၅.၃ရာခိုင်နှုန်း အသာနဲ့ကျော်တက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးဟာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ရဲ့ facebook.com ကိုတော့ လိုက်မှီနိုင်ခြင်းမရှိသေးတာတွေ့ရပါတယ်။

Facebook ဟာ ၂၀၁၅ ဒီဇင်ဘာကို ဝင်ရောက်မှုအကြိမ်ပေါင်း ၁၈.၆၅ ထရီလီယံနဲ့ အဆုံးသတ်ခဲ့တယ်လို့ လေ့လာဆန်းစစ်ချက်တွေအရသိရပါတယ်။ YouTube ကဒုတိယနေရာမှာ အကြိမ်ရေ ၁၅.၇ထရီလီယံ နဲ့ ရပ်တည်ခဲ့ပြီး Google က ၁၄.၉ထရီလီယံ ရှိခဲ့တာဖြစ်ပါတယ်။

YouTube နဲ့ Google ရဲ့ ဝင်ရောက်မှုအဆင့်ဟာ ခရစ္စမတ်ကာလက အရေးပါခဲ့တာဖြစ်ပါတယ်။ ဒီပေါ်ပြူလာဆိုက်နှစ်ခုလုံးကို Alphabet စုပေါင်းကုမ္ပဏီကနေပြီးတော့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒီလိုလေ့လာချက်တွေအရ လူတွေဟာ အားလပ်ရက်တွေမှာဆိုရင် Google ထက်စာရင် YouTube ကိုပိုမိုဝင်ရောက် ကြည့်ရှုကြတာကို တွေ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပုံစံဟာ Destop ကွန်ပျူတာတွေကနေဝင်ရောက်မှု ပုံစံကိုသာပြသထားတာဖြစ်ပြီး Mobile ကနေဝင်ရောက်မှုတွေကို ထည့်သွင်းတွက်ချက်ရင်တော့ Google က ၃၂.၂ ရာခိုင်နှုန်းသာလွန်နေတာ ဖြစ်ပါတယ်။

Ref: Telegraph

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category