0 Shares 196 Views

လုံးဝအခမဲ့သုံးစွဲနိုင်ပြီဖြစ်တဲ့ နာမည်ကျော် Android ဗိုင်းရပ်စ်နှိမ်နှင်းရေးအက်ပလီကေးရှင်း Avast Mobile Security

Feb 02, 2016
0 196

မိမိ Android ဖုန်းမှာ antivirus app ကောင်းကောင်းသွင်းချင်သူတွေအတွက် သတင်းကောင်းတစ်ခုပါပဲ။

နာမည်ကျော် ဗိုင်းရပ်နှိမ်နှင်းရေးဆော့ဖ်ဝဲတွေထုတ်လုပ်တဲ့ကုမ္ပဏီ Avast ဟာ Android အတွက် ထုတ်လုပ်ထားတဲ့ Avast Mobile Security အက်ပလီကေးရှင်းရဲ့ ၀န်ဆောင်မှုအားလုံးကို လုံးဝအခမဲ့အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။

များပြားလှတဲ့ ဗိုင်းရပ်စ်နှိမ်နင်းရေး Android app တွေထဲမှာ Avast Mobile Security ဟာ ပညာရှင်အများအပြားရဲ့ ချီးကျူးမှုကိုခံခဲ့ရပြီး၊ အကောင်းဆုံး antivirus app တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီ app ရဲ့ စွမ်းဆောင်ရည်တွေအကုန်လုံးကိုအသုံးပြုနိုင်ဖို့ အတွက် user တွေဟာ အရင်က တစ်လကို နှစ်ဒေါ်လာ သွင်းခဲ့ကြရပါတယ်။

လစဉ်ကြေးပေးပြီးအသုံးပြုရတဲ့ အဆင့်မြင့်စွမ်းဆောင်ရည်တွေမှာ ‘Privacy Advisor’ လို့ခေါ်တဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ရယူနေတဲ့ app တွေကို စစ်ကြည့်နိုင်မှု၊ PIN နံပါတ်နဲ့ မိမိပိတ်ချင်တဲ့ app တွေကို ပိတ်ထားနိုင်မှု၊ Anti-theft ခေါ် ဖုန်းခိုးယူခံရ၊ပျောက်ဆုံးသွားပါက၊ ဖုန်းကို လော့ခ်ချပြီး၊ GPS ကနေ ဖုန်းတည်နေရာရှာဖွေနိုင်တာ၊ ဖုန်းထဲကအချက်အလက်တွေဖျက်ပစ်ပြီး၊ “ ဒီဖုန်းဟာ ပျောက်ဆုံးသွားတဲ့ဖုန်း ဒါမှမဟုတ် အခိုးခံရတဲ့ဖုန်းပါ” လို့ သတိပေးချက်အသံတွေ ဖုန်းကမြည်အောင်လုပ်နိုင်မှုတို့ပါဝင်ပါတယ်။

အခုအခါ ပိုက်ဆံသွင်းမှရရှိနိုင်တဲ့ Avast Mobile Security ရဲ့ အဆိုပါအဆင့်မြင့်စွမ်းဆောင်ရည်တွေကို လူတိုင်းအခမဲ့သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီက ဇန်န၀ါရီ ၂၈ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ပိုက်ဆံသွင်းပြီးအသုံးပြုခဲ့ကြတဲ့လူတွေအတွက်လည်း နစ်နာကြေးအနေနဲ့ Avast ကုမ္ပဏီကပဲထုတ်လုပ်ထားတဲ့ SecureLine ကွန်ရက်လုံခြုံမှုမြှုင့်app ကို Avast Mobile Security app လက်ကျန်သက်တမ်းအတိုင်းအသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref: Tomsguide

 

 

 

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category