0 Shares 1303 Views

ကမ္ဘာ့ပထမဦးဆုံး QHD+ display နဲ့ထွက်ရှိလာမယ့် LG G6

Jan 10, 2017
0 1303

LG ကတော့ ၄င်းရဲ့ flagship ဖုန်းအသစ် LG G6 မှာ 18:9 aspect ratio နဲ့ QHD+ display ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။

ပြောကြားချက်အရ LG G6 ဟာ လာမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ကျင်းပမယ့် MWC 2017 ပွဲမှာ ပွဲထုတ်ဖွယ်ရှိနေပြီး LG အနေနဲ့ G4 နဲ့ G5 တို့ မထွက်ခင်တုန်းကလည်း အခုလိုမျိုး ကြေညာချက်ထုတ်ပြန် ခဲ့ဖူးပါတယ်။

LG G6 မှာပါဝင်လာမယ့် display အသစ်ရဲ့ မျက်နှာပြင်အရွယ်အစားက (၅.၇)လက်မ ရှိပြီး 1440 x 2880 resolution ထောက်ပံ့မှာဖြစ်တဲ့အပြင် LG ရဲ့ in-TOUCH technology နည်းပညာကို ထည့်သွင်းအသုံးပြုထားပါတယ်။ 564 pixels-per-inch ရုပ်ထွက်နဲ့ အတူ dual-screen နဲ့ multi-tasking functions တွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

LG အနေနဲ့ ပြီးခဲ့တဲ့ နှစ်က LG G5 ကို ထုတ်လုပ်ခဲ့ပြီး 1440 x 2560 pixels ထောက်ပံ့တဲ့ QHD LCD display ကို အသုံးပြုခဲ့ရာကနေ အခု အသစ်ထုတ်လုပ်မယ့် G6 မှာတော့ အဆင့်မြှင့်တင်တဲ့အနေနှဲ့QHD+ display ကို အသုံးပြုဖို့ စီစဉ်နေတာဖြစ်ပြီး အခုလို အသုံးပြုခဲ့ရင်တော့ QHD+ display ကိုအသုံးပြုတဲ့ ပထမဦးဆုံး စမတ်ဖုန်းလည်းဖြစ်လာမှာ ဖြစ်ပါတယ်။

Ref: AndroidAuthority

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares76 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
0 shares94 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares78 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category