WhatsApp မက်ဆေ့ချ်အက်ပလီကေးရှင်းဟာ သုံးစွဲသူတစ်ဘီလျံကိုရောက်ရှိလာပြီး လူသုံးများတဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညပိုင်းကပြောကြားချက်အရ ဒီApp ကိုထုတ်လုပ်ပြီး ငါးလအကြာမှာ သုံးစွဲသူသန်းကိုးရာအထိရှိခဲ့တာဖြစ်ပါတယ်။
Facebook ဟာလွန်ခဲ့တဲ့ နှစ်နှစ်က WhatsApp ကိုဒေါ်လာ ၁၉ဘီလျံနဲ့ဝယ်ယူခဲ့ပြီး အရင်က သုံးစွဲခ ၉၉ ဆင့် ကနေပြီးတော့ Free အသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းဂုဏ်ယူရပါတယ်။ နောက်ထပ်သာမန်ထက်ပိုတဲ့လုပ်ဆောင်ချက်တွေကို WhatsApp အသုံးပြုသူတွေအတွက်ယူဆောင်လာဦးမှာပါ လို့ဖော်ပြခဲ့တာဖြစ်ပါတယ်။
ခေတ်စားမှုကျယ်ပြန့်လာပေမယ့်လည်း WhatsApp ဟာ တစ်ခါတစ်လေမှာ ပိုက်ဆံပေးမှ ရနိုင်တဲ့ အရာတွေရှိနေဆဲဖြစ်ပါတယ်။ ယခုအခါ WhatsApp ကို Android, iOS ပစ္စည်းတွေမှာသာမက BlackBerry OS, BlackBerry10, Windows Phone, Nokia Series 40, Symbian, Tizen, Firefox OSစတဲ့ OS ပေါင်းစုံကနေဝင်ရောက်သုံးစွဲနိုင်ပါတယ်။
Message App တွေဟာ အနာဂါတ်မှာ လုပ်ငန်းတွေနဲ့ သုံးစွဲသူထောက်ပံ့မှုတွေအတွက် “ပလက်ဖောင်း” တွေဖြစ်လာတော့မှာဖြစ်ပါတယ်။ WhatsApp အနေနဲ့လည်း အသင်းဝင်ကြေးစတဲ့ ငွေကြေးလိုအပ်မှုတွေကို နောက်ပိုင်းမှာ လျှော့ချပစ်ဖို့အတွက် လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

Ref: Telegragph