1 Shares 21001 Views

Yahoo ကုမ္ပဏီ ဇာတ်သိမ်းရှာပြီ

Jan 10, 2017
1 21001

၂၀၀၇ ခုနှစ်လောက်ကတည်းက ခန့်မှန်းထားခဲ့သလို အဆုံးသတ်တစ်ရက်မှာတော့ Yahoo ကုမ္ပဏီ ဟာ ဇာတ်သိမ်းသွားရှာခဲ့ရပြီ ဖြစ်တယ် လို့ သိရပါတယ်။

နောက်ဆုံးအစည်းအဝေးမှာ လက်ရှိအမှုဆောင်အရာရှိချုပ် Marissa Mayer အပါအ၀င် ဘုတ်အဖွဲ့ဒါရိုက်တာ များစွာ နုတ်ထွက်ခဲ့ပြီးနောက် Yahoo! ရဲ့ အမည်နာမ ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ပြည်ဖုံးကားချဖို့ အားလုံး သဘောတူညီခဲ့တာ
ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ ရဲ့ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Verizon က ဒေါ်လာ ၄.၈ ဘီလီယံ ခန့် နဲ့ ၀ယ်ယူခဲ့တယ် လို့ သိရပါတယ်။ အဲဒီ အရောင်းအ၀ယ်မှာ Yahoo ဆိုတဲ့ အမည်နာမ နဲ့ ဆက်လက်သုံးစွဲတော့မှာ မဟုတ်ဘဲ ၁၉၉၀ ခုနှစ်တွေက ထင်ရှားခဲ့တဲ့ Search Engine တွေ ဖြစ်တဲ့ Altavista နဲ့ Alibaba တို့လို့ အမည်နဲ့ ဆင်တူတဲ့ Altba Inc အနေနဲ့ ဆက်လက်တည်ရှိသွားမှာ ဖြစ်ပြီး ကုမ္ပဏီ ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ နဲ့ လက်ကျန်အမှုထမ်းတွေ ဟာ Altba Inc ၀န်ထမ်းတွေ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်ဝန်းကျင်က အင်တာနက် ရှာဖွေရေး အင်ဂျင်လောကမှာ Google နဲ့ အပြိုင်ကြဲခဲ့တဲ့ Yahoo ကို စတန်းဖို့ဒ် တက္ကသိုလ် က စီနီယာ ကျောင်းသား ၂ ယောက် ဖြစ်ဲ့ ဂျယ်ရီယန်း နဲ့ ဒေးဗစ်ဖီလို တို့က ၁၉၉၄ ခုနှစ် ဇန်န၀ါရီလမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကွန်ပျူတာတွေကို ချိတ်ဆက်ပြီး လမ်းညွှန်စာအုပ် ဆန်ဆန် ၊ Directory Web တစ်ခုအနေဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကနဦးတုန်းက ဘွဲ့ယူစာတမ်းတစ်ခု အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧပြီလ မှာတော့ Yahoo ဆိုတဲ့ အမည်နာမ ကို လုံးလုံးလျားလျား ပြောင်းလဲလာခဲ့ပါတယ်။

Yahoo ဟာ အခု အချိန်မှာ နာမည်ရ ထင်ရှားနေတဲ့ Google Search Engine အပေါ် ကို သြဇာလွှမ်းမိုးမှု အပြည့်ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Google ရဲ့စတန်းဖို့ တက္ကသိုလ်ရဲ့ ဂျူနီယာကျောင်းသားတွေ ဖြစ်တဲ့ ဆာဂျီဘရင်း နဲ့ လယ်ရီပေ့ခ်ျတို့ဟာ သူတို့ရဲ့ ပထမဆုံး ရှာဖွေရေး အင်ဂျင်ဖြစ်တဲ့ Google အတွက် အကြံညဏ်နဲ့ Coding ပိုင်း အကူအညီတွေအတွက် ဂျယ်ရီယန်း နဲ့ ဒေးဗစ်ဖီလို တို့မှာ နည်းပညာပိုင်း အကူအညီတောင်းခဲ့ရလို့ ပဲ ဖြစ်ပါတယ်။ Google ဖြစ်လာဖို့ Yahoo ရဲ့ Coding တွေ အများကြီး ပုံစံတူ ယူခဲ့ပြီး Algorithms နည်းပညာ သုံးစွဲဖို့ ဂျယ်ရီယန်း က အကြံညဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် မှာ Yahoo ဆိုတဲ့ ဒိုမိန်းကို စတင်ဖန်တီးခဲ့ပြီး နောက်ပိုင်း Yahoo Mail ဟာ ကမ္ဘာပေါ်မှာ လုံခြုံမှုအပြည့်အ၀ ဆုံး WebMail တစ်ခု ဖြစ်လာခဲ့ပါတယ်။ Dot Com စီးပွားရေး ပေါက်ကွဲလာခဲ့ပြီးနောက်မှာ တဟုန်ထိုးတက်ခဲ့တဲ့ Yahoo ကို ၂၀၀၈ ခုနှစ် က မိုက်ကရိုဆောု့ဖ် က ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။ Delicious တို့ လို Web2.0 အခြေပြု စာမျက်နှာတွေနဲ့ အဖွဲ့အစည်းသေးသေးလေးတွေကို ၀ယ်ယူခဲ့ပြီး ရှင်သန်အောင် ကြိုးစားခဲ့ပေမယ့် အနီးကပ်ဆုံး ပြိုင်ဘက် Google ကိုတော့ မယှဉ်နိုင်ခဲ့ရှာတော့ပါဘူး။ Yahoo ဟာ ပရောဂျက်အငယ်လေးတွေ အများအပြား ရှိခဲ့ပြီး သုံးစွဲသူတိုင်း အကြိုက်တွေ့ကြတဲ့ ပရောဂျက်ငယ်လေးတွေ အနေနဲ့ Flickr ၊ Gocities ၊ Delicious ၊ HotJobs ၊ FoxyTunes စတဲ့ ပရော၈ျက်တွေ အပြင် အများပြည်သူ ကို ချမပြသေးတဲ့ ပရော၈ျက်ငယ်ပေါင်း အခု ၂၀ ကျော် ပိုင်ဆိုင်ထားပါတယ်။

၂၀၁၂ ခုနှစ်မှာ ၀န်ထမ်းပေါင်း ၂၀၀၀ ကျော် လောက် အလုပ်အကိုင် က အနားပေးခဲ့ပြီးနောက်ပိုင်း Yahoo ရဲ့ ကျန်းမာရေး ဟာ တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်လာခဲ့ရာကနေ ပြီးခဲ့တဲ့ အပတ်ကတော့ Verizon အဖွဲ့အစည်း ကို ကုမ္ပဏီ ထိုးရောင်းလိုက်ခဲ့ရပါတော့တယ်။ အင်တာနက်ပေါ်မှာ သူနိုင်၊ ကိုယ်နိုင်အပြိုင်ကြဲခဲ့တဲ့ ရှာဖွေရေးအင်ဂျင်တို့ရဲ့ ဘိုးအေကြီး ကတော့ အဆုံးသတ်သွားတယ် လို့ သတင်းတွေ က ဖော်ပြပါတယ်။

Ref : TNW, Wiki , Mashable ,

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category