0 Shares 8158 Views

(၁၀) နှစ် ပြည့် အမှတ်တရ အိုင်ဖုန်း

Jan 10, 2017
0 8158

ပြီးခဲ့တဲ့ ဆယ်နှစ်၊ ဒီလိုနေ့ ဇန်န၀ါရီ (၉)ရက်နေ့၊ ဒီလိုအချိန် .. ဆန်ဖရန်စစ္စကို မှာ ပြုလုပ်ခဲ့တဲ့ MacWorld Event မှာ Apple ရဲ့ တည်ထောင်သူ စတိဗ်ဂျော့ဘ် ဟာ သူ့ဗီဇအတိုင်း တီရှပ်အနက်ရောင် နဲ့ ဂျင်းပင်အပြာလေး ၀တ်ပြီး စတိတ်စင်ပေါ်တက်လာခဲ့ပါတယ်။ ယုံကြည်မှုပြည့်ဝတဲ့ အပြုံးတစ်ခု နဲ့ အတူ iPhone Original ကို ကြော်ငြာခဲ့ပါတယ်။
.
အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာဟာ အလုံးစုံပြောင်းလဲသွားခဲ့ပါတော့တယ်။
.
ကျွန်ေတာ်က ဒီနေရာမှာတော့ အိုင်ဖုန်းက ပြောင်းလဲပစ်ခဲ့တဲ့ အတွေးအမြင်အယူအဆတွေ နဲ့ နည်းပညာတိုက်ပွဲတွေအကြောင်း ဖြစ်ဖြစ်၊ တိုးတက်ဖွံ့ဖြိုးလာတဲ့ ထုတ်ကုန်တွေအကြောင်းကို ပဲ ဖြစ်ဖြစ် ၊ ဆုတ်ယုတ်လျော့ကျလာခဲ့တဲ့ ယဉ်ကျေးမှုတွေအကြောင်း ကိုပဲ ဖြစ်ဖြစ် ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ ဖြစ်စဉ်တွေကို ပြောင်းလဲစေခဲ့တဲ့ မူလ အိုင်ဖုန်းအကြောင်း ကို သာ အမှတ်တရ ပြောပြသွားမှာပါ။
.

(1) iPhone -2007
original-iphone-iphone-2g-2007
.

– ကနဦး အိုင်ဖုန်း ကို မိတ်ဆက်ပေးခဲ့ အချိန်မှာ သုံးစွဲသူအားလုံးက ဒါဟာ ပြီးပြည့်စုံတဲ့ iPod တစ်လုံးလို့ပဲ မှတ်ယူခဲ့ကြပါတယ်။ အဲဒီအထဲမှာ နည်းးပညာ အချို့နဲ့ ကုမ္ပဏီဝန်ထမ်းတွေ တောင် ပါသေးတယ်။ အစပိုင်းတွေမှာ ခေါ်တဲ့လူတွေ က Royal iPod လို့ ခေါ်ခဲ့ပြီး ၀ယ်ခဲ့သူတွေကလည်း iPod အကြီးစား ပေးပါဆိုပြီး ၀ယ်ခဲ့ပါတယ်။ ဒါပေမယ့် ခန့်မှန်းခဲ့တဲ့ ပညာရှင်တိုင်း မှန်ကန်ခဲ့တာ တစ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ So Cool ဆိုတာပါပဲ။ မိုက်တယ် ..။
– တကယ်လည်း တော်တော်ကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီခေတ် အခါက အကောင်းဆုံး နဲ့ ဈေးအကြီးဆုံး ဖုန်း အမျိုးအစား စာရင်းလည်း ပါဝင်ခဲ့ပြီး ပင် Pen နဲ့ တွဲဖက်သုံးရတဲ့ Blackberry တို့ကို နောက်ကောက်ချခဲ့တဲ့ လုပ်ဆောင်ချက် က တော့ ဒီနေ့ ခင်ဗျားတို့ ၊ ကျွန်ေတာ်တို့ သိတ်ကြိုက်တဲ့ Multi-Touch ပါပဲ။ အဲဒီအချိန်မှာ ဖေ့်စဘုတ် ဟာ အခုလိုမျိုး နေရာအနှံ့ကို မပျံ့လွှင့်သေးပါဘူး။ အဲဒီအတွက် အိုင်ဖုန်းကို မသိ၊ မမှီလိုက်တဲ့ နိုင်ငံတော်တော်များများ လည်း ရှိခဲ့ပါတယ်။
– နောက်ပိုင်းမှာတော့ သုံးစွဲသူတွေ သိလာတဲ့အချက်တစ်ချက် ရှိပါတယ်။ အိုင်ဖုန်းဆိုတာ  အိုင်ပေါ့ ရယ်၊ အင်တာနက် ရယ် ဖုန်း ရယ် ပေါင်းထားတဲ့ အရာပါလား လို့ အကြမ်းဖျင်း သိလာကြတဲ့အချိန်မှာ တော့ iPhone ဟာ အကြီးအကျယ် ရောင်းအား
တက်သွားပါတော့တယ်။ ၂၀၀၇ ခုနှစ် ၊ ဇွန် ၂၉ ရက်နေ့ မှာ စတင်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ iPhone 1 လို့ လူသိများပါတယ်။ OSX လိုမျိုး မြန်ဆန်တဲ့ OS သုံးစွဲပါတယ်။ iPhone OS 1 လို့ လည်း ခေါ်ဆိုပါတယ်။ Visual Voicemail, HTML email, Safari web browser, threaded text messaging, and YouTube စတာတွေ ပါရှိပါတယ်။
– အခုအချိန်ထိ Original iPhone ကို eBay ၀က်ဆိုဒ်ကနေ အမှတ်တရ ပြန်လည်ရောင်းချနေဆဲပဲ ဖြစ်ပါတယ်။
– ၂၀၀၇ ခုနှ်စအတွက် တစ်နှစ်တာအကောင်းဆုံး တီထွင်မှု ဆု ရရှိခဲ့ပါတယ်။

Apple iPhone (original), 2007 (PAI/BAY AREA NEWS GROUP)

(2) iPhone 3G – 2008
iphone-3g-2008

– Version 1.0 မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးနောက်ပိုင်း အိုင်ဖုန်း ဒုတိယမျိုးဆက် ကို ၂၀၀၈ ခုနှစ် ၊ ဇွန် လ ၉ ရက်နေ့ မှာ  ဆန်ဖရန်စစ္စကို မှာ ကျင်းပခဲ့တဲ့ Apple WorldWide Developers Conference မှာ မိတ်ဆက်ခဲ့ပါတယ်။ 8GB, 16GB နှစ်မျိုး ၊ နှစ်စား စတင် ထုတ်လုပ်ခဲ့ပါတယ်။ iPhone OS 2.0., the App Store, Microsoft Exchange ActiveSync support, Apple’s MobileMe service, နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာခဲ့ပါတယ်။
– တစ်ဖက်မှာ Apple Store ကို ဖွင့်လှစ်ခဲ့ပြီး အသေးစား Developer တွေကို Apple Store ပေါ်မှာ လာရောက် ရောင်းချကြဖို့ နဲ့ iPhone တွေ မိုဘိုင်းသုံး App တွေ ဖန်တီးဖို့ တိုက်တွန်းခဲ့ပါတယ်။
– အဲဒီလို နည်း နဲ့  Uber, Lyft, Airbnb, Snapchat နဲ့ Angry Birds တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
( အဲဒီအချိန်ကတည်းက Developer တွေကို မြေတောင်မြှောက်ပေးပြီး တစ်ဖက်ကလည်း အခကြေးငွေ ပြန်လည် ရယူခဲ့ရာ Apple Store ကနေ Developer တွေ လာတင်ထားတဲ့ App တွေ ကို ရောင်းချငွေ ဟာ ၂၀၁၆ ခုနှစ်တခုတည်း ကို ဒေါ်လာ ဘီလီယံ သန်း ၂၀ ၀င်ခဲ့ပြီး အခုချိန်အထိ ဒေါ်လာ ဘီလီယံ ၆၀ ရှိခဲ့ပြီးဖြစ်ပါတယ်။)
– 2010 ဇွန်လ ၇ ရက်နေ့ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်ခဲ့တဲ့ Apple Worldwide Developers Conference မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း အဖြစ် စတိဗ်ဂျော့ဘ် က ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်။
– မထွက်ခင်ကတည်းက အော်ဒါ ၆ သိန်းကို ၂၄ နာရီအတွင်းမှာ အမှာစာ ရရှိခဲ့တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ အခုအချိန်ထိ အမှာစာ အများဆုံးရရှိခဲ့တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။.
– Retina Display ကို စတင်မိတ်ဆက်ဖော်ပြခဲ့ပြီး ထည့်သွင်းထားတဲ့ Pixel တွေဟာ သမားရိုးကျ မော်နီတာတွေပေါ်က Pixel တွေ ယှဉ်ပြိုင်နိုင်လောက်အောင် ထိ ရွှန်းစို လှပလာခဲ့ပါတယ်။
– iOS 4, Facetime video chat, first front-facing camera တွေထည့်သွင်းလာခဲ့ပါတယ်။
Apple iPhone 3Gs, 2008 (PAI/BAY AREA NEWS GROUP)
(4) iPhone 4s — 2011
iphone-4s-2011
– အောက်တိုဘာ ၄ ရက် ၊ ၂၀၀၁၁ ခုနှစ် မှာ မျက်ရည်မိုးတွေနဲ့ အတူတူ စတင်ထုတ်လွှင့်ခဲ့ပါတယ်။
– Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရဲ့ သေဆုံးခြင်း သတင်းနဲ့ အတူတူ စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေရှိခဲ့ပါတယ်။
– iPhone တွေ ရဲ့ နောက်မှာ “S”ဆိုတဲ့ စာလုံးကို စတင် သုံးစွဲခဲ့ပါတယ်။ အဲဒီ ” S ” ဟာ Siri ကို ရည်ညွှန်းတာ ဖြစ်ပြီး စမတ်ဖုန်းတွေ အတွက် စတင် တီထွင်ခဲ့တဲ့ Virtual Intelligent Assisant ဖြစ်ပါတယ်။ Siri ဟာ iPhone 4S သုံးစွဲသူတွေကို Voice Command နဲ့ အတူတူ လိုအပ်ချက်တွေကို အမေး၊ အဖြေ ပုံစံ နဲ့ ဖြည့်ဆည်းပေးပါတယ်။
– 8- megapixel camera with 1080p video, iOS 5, iCloud, iMessage, Notification Center, Reminders, နဲ့ တွစ်တာ ချိတ်ဆက်မှုတွေ ပါဝင်ခဲ့ပါတယ်။

Apple iPhone 4, 2010 (PAI/BAY AREA NEWS GROUP)

Apple iPhone 4s, 2011 (PAI/BAY AREA NEWS GROUP)

(5) iPhone 5 / 5C/ 5S — 2013
iphone-5-5c-5s-2013
– ဆဋ္ဌမမြောက် မျိုးဆက်မှာတော့ စတိဗ်ဂျော့ဘ် ရှိစဉ်ကတည်း က တာဝန်ယူနေရာချထားခဲ့တဲ့ အမှုဆောင်အရာရှိချုပ် အသစ် တင်ကွတ် က ဦးဆောင် ပြီး ကြော်ငြာပေးခဲ့ပါတယ်။
– iPhone 5 ဟာ ဒီဇိုင်းအပြင်အဆင် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထည်တစ်ခုလုံးကို အလူမီနီယမ် နဲ့ တည်ဆောက်ထားပါတယ်။ ပိုပြီး သေးသွယ် လှပလာခဲ့ပြီး ပြိုင်ဘက်တွေနဲ ယှဉ်ပြိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းပညာတွေ ပေါင်းစပ် ထည့်သွင်းလာခဲ့ပါတယ်။
– ပညာရှင်တွေ အံ့အားသင့်စေတဲ့  ဈေးနှုန်း ချိုသာတဲ့ 5C edition ကို ထုတ်လုပ်ခဲ့ပါတယ်။
– Apple ဟန်က ခွဲထွက်ပြီး ပန်းနုရောင် ၊ အစိမ်းရောင်၊ အ၀ါရောင် ၊  ရွှေရောင်၊ နို့နှစ်ရောင် စတာတွေ  ထုတ်လုပ်ခဲ့ပါတယ်။
– Touch ID,  Apple Store နဲ့ iTunes STore ကနေ Lock ဖြည်တဲ့ စနစ်တစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

Apple iPhone 5s, 2013 (PAI/BAY AREA NEWS GROUP)

Apple iPhone 5c, 2013 (PAI/BAY AREA NEWS GROUP)

  • ၂၀၀ရခုနှစ် ၊ 2G Network, 2.5 G Network အတွက် အဆင်သင့်ဖြစ်နေစေတယ် ..။
  • ၂၀၀၈ ခုနှစ် ၊ Apple Store ကို တည်ထောင် ဖွင့်လှစ်ခဲ့တယ်။ 3G ကို အထောက်အကူပေးတယ်။
  • ၂၀၀၉ ခုနှစ်မှာ Video Recording နဲ့ Personal Hotspot ထည့်သွင်းတယ်။
  • ၂၀၁၀ ခုနှစ်မှာ Retina display
  • ၂၀၁၁ ခုနှစ်မှာ Siri နဲ့ iCloud
  • ၂၀၁၂ ခုနှစ်မှာ မျက်နှာပြင် ၄ လက်မ ထက်ပိုကြီးလာတယ်။
  • ၂၀၁၃ခုနှစ်မှာ Touch ID
  • ၂၀၁၄ ခုနှစ်မှာ 4.7-inch နဲ့ 5.5-inch
  • ၂၀၁၅ ခုနှစ်မှာ 3D Touch, Live Photos, and 4K video recording
  • ၂၀၁၆ ခုနှစ်မှာ Waterproofing နဲ့ dual-lens camera

( iPhone ချစ်သူတွေအတွက် အမှတ်တရ ဖြစ်အောင် ၂၀၀၇ ခုနှစ် ဒီလိုနေ့ရက်တွေမှာ စတိဗ်ဂျော့ဘ် ကြော်ငြာသွားခဲ့တဲ့ ဗီဒီယိုဖိုင်ကိုပါ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။)

Ref : Wiki ၊ mashable ၊ Apple ၊ WallstreetJournal

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Most from this category