0 Shares 592 Views

6K အရည်အသွေး အထိ ရိုက်ယူနိုင်တဲ့ ပန်နာဆိုးနစ် ကင်မရာ

Jan 09, 2017
0 592

စမတ်ဖုန်းတွေ က ကင်မရာတွေရဲ့ ရပ်တည်မှု ကို ခြိမ်းခြောက်လာပါပြီ။
.
ကင်မရာတွေအတွက် ခက်ခဲလှတဲ့အချိန်တွေပါ။ ရထားတဲ့ နေရာ လွင့်ပျောက်မသွားဖို့ ပြန်လည် တိုက်ပွဲဝင်ရပါပြီ။ ခေတ်ကိုက ကြမ်းရှရှ။ နာမည်ကြီးခဲ့တဲ့ ဟဲဗီးကုမ္ပဏီတွေဟာ မျက်စိရှေ့တင် တဖြည်းဖြည်းပြိုလဲလို့နေပါတယ်။
.
ကံကောင်းတယ် လို့ ဆိုရမယ့် အချက်ထဲမှာ နည်းပညာတို့ရဲ့ ဦးဆောင်ရှေ့ဆောင် ကုမ္ပဏီကြီးဖြစ်တဲ့ ပန်နာဆိုးနစ် ကတော့ တည်ငြိမ်စွာ ရပ်တည်လျက်ရှိနေသေးပါတယ်။ ဒါကလည်း အရည်အသွေးမြင့် ထုတ်ကုန်တွေကြောင့် ဖြစ်မယ် ဆိုတာ သေချာလှတယ်။ အခုပဲ ကြည့်လေ။ 6K အရည်အသွေးရှိတဲ့ ဓါတ်ပုံတွေကို ရရှိနိုင်တဲ့ ကင်မရာအသစ်တစ်ခု ဈေးကွက်ထဲကို ချပြလိုက်ပါပြီ။
.
Lumix GH5 တဲ့။
.
လတ်ဗီးဂတ်စ် 2017 မှာ ဒီနေ့ပဲ ကြော်ငြာသွားခဲ့တာ၊  6K ပုံရိပ်တွေအတွက် ကို Frame Rate 30 နဲ့ ရိုက်နိုင်တယ်။ ပြီးတော့ Dust, Splash စတဲ့ အရည်အသွေးတွေ ပါရှိတယ်။ ကျွန်တော်တို့ရင်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် Feature တစ်ခု က Freeze-Proof တဲ့။ ပြင်းပြတဲ့ အအေးဒဏ်ကြားမှာ ကောင်းကောင်းသုံးနိုင်မယ်။ ပန်နာဆိုးနစ်ကတော့ ဒီကင်မရာကို ကမ္ဘာ့ပထမဆုံး DSLM ကင်မရာ လို့ သုံးနှုန်းခဲ့တယ်။ DSLR ကို သိပေမယ့် အနောက်က M ဆိုတဲ့ အခေါ်အဝေါ် အသစ်ကတော့ ဒါဟာ Digital Single Lens Mirrorless ကို ညွှန်းဖွဲ့ခဲ့တာပါ။ Built-in WiFi စနစ်ပါတယ်။ Device တွေကို NFC Support လုပ်ပေးနိုင်တယ်။ 20Megapixel ပုံရိပ်တွေကို ပုံမှန် ထုတ်ပေးနိုင်တယ်။
.
ဈေးကတော့ နည်းနည်းပြင်းတယ်။ ဒေါ်လာ ၂၀၀၀ တဲ့။ မြန်မာငွေနဲံ့ဆိုရင် ၂၅သိန်း ၀န်းကျင် ရှိတယ်။ မိသားစု နဲ့ တစ်ကိုယ်ရည်သုံးအတွက် ပဲ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် fuction တွေက လန်းလွန်းတဲ့အတွက် ဈေးကလည်း အရမ်းလန်းသွားရတယ် ထင်တယ်။ ဒီကင်မရာ အတိုင်းသာ ဆိုရင်တော့ ဖုန်းကလည်း ဖုန်း၊ ကင်မရာ ကင်မရာအတိုင်းပဲ ရှိနေဦးမယ် ထင်တယ်။

Ref : DM

 

 

 

 

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Most from this category