ဖက်ရှင် နဲ့ ပတ်သက်တဲ့ ၀ဘ်ဆိုဒ်တွေကို စိတ်ဝင်စားတဲ့ နန်းခင်ဇေယျာ
အေးမြတဲ့ အပြုံးကလေးတွေ နဲ့ အားလုံးက ချစ်ကြ၊ ခင်ကြတဲ့ Miss Myanmar အလှမယ်ကလေး နန်းခင်ဇေယျာ ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး “NONSTOP” Karaoke DVD Promotion ပွဲကို ဒီဇင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်မြို့၊ Dagon Center Outdoor Area တွင် ပြုလုပ်ခဲ့ပါတယ်။
Q. Nonstop DVD ကိုဘယ်လိုပုံစံလေးတွေ ရိုက်ထားခဲ့လဲ။ CD တုန်းကသီချင်းတွေ အကုန်ပြန်ပါမှာလား။
ရိုက်ထားတာကတော့ အကုန်လုံးကို Story ပုံစံလေးတွေ ရိုက်ထားပါတယ်။ CD တုန်းကသီချင်း (၁၂)ပုဒ် ပါတယ်။DVD မှာကျတော့ သီချင်း(၁၀)ပုဒ်ပဲရိုက်ထားပါတယ်။
Q. Nonstop DVD ထဲမှာ နန်းခင်တစ်ယောက်တည်း သရုပ်ဆောင်ထားတာလား တစ်ခြားဘယ်သူတွေ ပါသေးလဲ။
နန်းခင်နဲ့ အတူ အနုပညာမောင်နှမတွေဖြစ်တဲ့ ထွန်းထွန်း၊ ပိုင်တံခွန်၊ အောင်လေး၊ ထူးအောင်၊မေမြင့်မိုရ်၊ Lဘောက်နူး၊ နန်းမြတ်ဖြိုးသင်း၊ ထားထက်ထက်နဲ့ အခြားအနုပညာမောင်နှမတွေလည်း ပါပါတယ်။
Q. ဒီခွေပြီးရင်ရောနောက်ထပ်အခွေ ထပ်လုပ်ဖို့ရှိသေးလား။
ဒီအခွေကို ပရိတ်တွေကို သေချာလေးနားထောင်စေချင်သေးတယ်။ ပရိတ်သတ်ရဲ့ Feedback ကိုလည်းနားထောင်ချင်သေးတယ်။
Q. အနုပညာသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။အချိန်ကာလတစ်ခုကို ကျော်ဖြတ်ပြီးတဲ့အခါမှာ ကိုယ်ကိုယ် ကိုအားရကျေနပ်မှုရောရှိရဲ့လား။
နန်းခင်ရဲ့အနုပညာသက်တမ်းက သုံးနှစ်ခွဲရှိသွားပါပြီ။ အဲဒီအချိန်ကာလအတွင်း နန်းခင် အများကြီးကြိုးစားခဲ့ပါတယ်။နောက်လည်းကြိုးစားရအုံးမှာပါ။ ပရိတ်သက်အတွက် အမြဲကြိုးစားနေမှာပါ။
Q. အနုပညာနဲ့ ပတ်သက်ပြီး နန်းခင် ဘယ်လို ရပ်တည်သွားမယ် ဆိုတာပြောပြပါလား။
ပရိတ်သတ်တွေကို အကောင်းဆုံးတွေချပြသွားမယ်။ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ရော အဆိုတော်အနေနဲ့ပါ အကောင်းဆုံးရပ်တည်နိုင်အောင်ကြိုးစားသွားမှာပါ။
Q. အခု လတ်တလော ဘာဖုန်းတွေ ကိုင်နေလဲ။
Samsaung နဲ့ အိုင်ဖုန်း သုံးနေပါတယ်။
Q.iPhone နဲ့ Android ဘယ်ဟာက နန်းခင်အတွက် သုံးရတာအဆင်ပြေလဲ။
Android နဲ့ အဆင်ပြေတဲ့ App ရှိသလို iOS နဲ့ အဆင်ပြေတဲ့ APP လည်းရှိတော့ နန်းခင်အတွက် သုံးရတာနှစ်မျိုးလုံး အဆင်ပြေပါတယ်။
Q.ဖုန်းထဲမှာဘယ်လို App တွေသုံးလဲ။
ဓာတ်ပုံနဲ့ပတ်သက်တဲ့ APP တွေအသုံးမှားတယ်။ ဖက်ရှင်နဲ့ ပတ်သက်တာတွေလည်း သုံးဖြစ်တယ်။
Q.Laptop ရောသုံးဖြစ်လား။
ဟုတ် သုံးတယ်။ ipad လည်း သုံးတယ်။
Q.Laptop ကိုဘာအတွက်သုံးတာများလဲ။
Laptop ထဲမှာ ဓာတ်ပုံတွေ သိမ်းထားတယ်။ MTV တွေ့ကြည့်တယ်။ တစ်ခြားအလုပ်ကိစ္စနဲ့ ပတ်သက်တာတွေ သိမ်းထားဖြစ်တယ်။
You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Ko Thuya - Apr 26, 2018သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Nwe Oo Thant - Apr 26, 2018[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Ko Thuya - Apr 26, 2018Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…
Most from this category
