Instagram တွင်ပေါ်ပြူလာအဖြစ်ဆုံးအကောင့်ဆယ်ခု

ဒီနေ့မှာတော့ IT နဲ့ လည်းသက်ဆိုင် ပရိတ်သတ်တွေလည်း စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာဖြစ်တဲ့ Instagram လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံးအကောင့်တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစာရင်းမှာ Kardashian ညီအစ်မလေးယောက်အထိပါဝင်ခဲ့တာကို တွေ့ရမှာပါ။

၁၀) Khloe Kardashian

the most popular instagram acc10

Keeping Up With The Kardashians ဆိုတဲ့အစီအစဉ်နဲ့ အတူထင်ရှားကျော်ကြားလာတဲ့ မော်ဒယ် Khloe Kardashian ရဲ့ Instagram အကောင့်ဟာဆိုရင်တော့ Followers ပေါင်း ၃၂.၂သန်းနဲ့ ပေါ်ပြူလာအဖြစ်ဆုံး အဆင့်၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

၉) Nicki Minaj

the most popular instagram acc9

၂၀၁၃ခုနှစ် ဧပြီမှာ Billbord Hot 100 မှာပါဝင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီး ရက်ပါအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အမေရိကန် နာမည်ကြီး ရက်ပါနဲ့ အဆိုတော် Nicki Minaj ကတော့ Instagram အကောင့်မှာ Follower ပေါင်း ၃၄.၃သန်းအထိရှိခဲ့ပြီး အဆင့်ကိုးမှာနေရာယူခဲ့ပါတယ်။

၈) Kylie Jenner

the most popular instagram acc8

Keeping Up With The Kardashian ညီအစ်မတွေထဲက နောက်ထပ်တစ်ယောက်ဖြစ်တဲ့ Kylie Jenner ကလည်း သူ့ရဲ့ အကောင်းမွန်ဆုံး Selfie ပုံတွေကြောင့် ဒီစာရင်း အဆင့်ရှစ်နေရာကို Follow လုပ်သူပေါင်း ၃၆.၆သန်းနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

၇) Kendall Jenner

the most popular instagram acc7

နောက်ထပ် Kardishian အနွယ် ဖြစ်သူ Kendall Jenner ကလည်း မော်ဒယ် အဖြစ်နဲ့ အပြင်မှာပါထပ်မံရပ်တည်မှုတွေကြောင့် ပေါ်ပြူလာဖြစ်ခဲ့ပြီး Follower ၃၇.၂သန်းနဲ့ အဆင့်၇မှာရှိနေပါတယ်။

၆) Justin Bieber

the most popular instagram acc6

နံပါတ် ၆ မှာရှိနေသူကတော့ နှုတ်ခမ်းနီမလေးတွေအကြိုက် ကနေဒီယမ်အဆိုတော် Justin Bieber ဖြစ်ပါတယ်။ Follower ပေါင်း ၃၉.၂သန်းလောက်ရှိနေခဲ့တာပါ။

၅) Ariana Grande

the most popular instagram acc5

အမေရိကန်အဆိုတော် Ariana Grande ကလည်း ဖြူစင်ပြီး လှပတဲ့မျက်နှာလေးကြောင့် Follower လုပ်သူ ၄၃.၇ သန်းနဲ့ အဆင့် ၅မှာရှိနေပါတယ်။

၄) Selena Gomez

the most popular instagram acc4

နောက်ထပ် ပေါ်ပြူလာအဖြစ်ဆုံး Instagram အကောင့်ပိုင်ရှင်ကတော့ အမေရိကန်ပေါ့ပ်စတားနဲ့ Disney ရုပ်သံသရုပ်ဆောင် Selena Gomez ဖြစ်ပါတယ်။ သူ့ကို Follow လုပ်ထားတဲ့ ၄၄.၆သန်းဟာ Justin Bieber နဲ့ ပြတ်ပြီးနောက်မှာ တစ်ကိုယ်ထဲ Single ဘဝနဲ့နေထိုင်နေတာတွေ၊ သူ့ရဲ့အမျိုးမျိုးသော Fashion တွေကို တွေ့မြင်ရမှာပါ။

၃) Beyonce

the most popular instagram acc3

ဂရမ်မီ ၁၇ ဆုပိုင်ရှင် ကတော့ Follower ပေါင်း ၄၆.၁သန်းအထိရှိနေပါတယ်။ နောက်ပိုင်း ဇာတ်လမ်းတွေမှာမြင်လာရတာကြောင့်ပိုနာမည်ကြီးလာသလားလို့တွေးစရာပါ။

၂) Kim Kardashian

the most popular instagram acc2

Follower ၄၆.၈ သန်းရှိနေတဲ့ နောက်ထပ် Kardashian ကတော့ Kim Kardashian ပဲဖြစ်ပါတယ်။ ရက်ပါ Kanye West ရဲ့မိန်းမဖြစ်တာတစ်ခုတည်းနဲ့တင်မဟုတ်ပဲ သူလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေ၊ သူနေ့စဉ်သွားလာလှုပ်ရှားနေတာတွေက ထင်ရှားစေခဲ့ပါတယ်။ Paris Hilton နဲ့ သူငယ်ချင်းလို့ ပြောကြားခဲ့ပြီးနောက်ပိုင်း ပိုမိုအောင်မြင်နေသလားလို့တွေးစရာပါ။

၁) Taylor Swift

the most popular instagram acc1

အသံချိုချိုလေးနဲ့ အမေရိကန်အဆိုတော်မလေး Taylor Swift ကတော့ သူ့အသံနဲ့တင်မဟုတ်ပဲ ရုပ်ကလေးနဲ့ပါ လူတွေကိုဖမ်းစားနေခဲ့ပါပြီ။ ၂၀၀၈ မှာ ကန်းထရီးအယ်လ်ဘမ် Fearless ကိုဖြန့်ခဲ့ပြီး တစ်ဟုန်ထိုးကျော်ကြားခဲ့တဲ့ Taylor Swift ဟာ Speak Now, Red, 1989 စတဲ့ အယ်လ်ဘမ်တွေဆက်ဖြန့်တော့လည်း အောင်မြင်မှုက ဆက်လက်တိုးတက်ခဲ့ပါတယ်။ ပေါ့ပ်တွေသီးသန့်ဆိုထားခဲ့တဲ့ 1989 အယ်လ်ဘမ်နဲ့လည်းအောင်မြင်မှုတွေက ဆက်လက်တည်ရှိခဲ့ပါတယ်။ အယ်လ်ဘမ်ကော်ပီဝယ်ယူမှုသန်းလေးဆယ်ကျော်၊ ဒေါင်းလုဒ်အကြိမ်ရေ သန်း၁၃၀ ကျော်နဲ့အတူ အအောင်မြင်ဆုံး အနုပညာရှင်ဖြစ်ခဲ့တဲ့အပြင် Instagram မှာလည်း နံပါတ်တစ်ချိတ်အောင် ပရိတ်သတ်တွေက အားပေးခဲ့ကြတာပါ။

Ref: Telegraph, Wikipedia

%d bloggers like this: