0 Shares 651 Views

Samsung ရဲ့ တီဗီနည်းပညာအသစ် QLED ဆိုတာဘာလဲ?

Jan 07, 2017
0 651

Samsung က CES 2017 မှာ QLED TV အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ QLED ဟာ လက်ရှိ OLED တီဗီနည်းပညာနဲ့ ဆင်တူမှုများစွာ ရှိတဲ့အတွက် QLED ဆိုတာ ဘာလဲ ? သူ့ရဲ့အလုပ်လုပ်ပုံက ဘယ်လိုလဲ? QLED နဲ့ OLED တို့ရဲ့ ကွဲပြားခြားနားချက်များက ဘာလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

QLED ဆိုတာ ဘာလဲ?

QLED ရဲ့ အရှည်ဟာ Quantum Dot LEDs ဖြစ်ပါတယ်။ သူဟာ OLED( Organic Light Emitting Diodes ) နဲ့ တူညီတဲ့ စွမ်းရည်များစွာ ရှိပါတယ်။ QLED ဟာ Samsung ရဲ့ ယခင်နှစ်ထုတ် SUHD TV များရဲ့ Quantum-Dot TV နည်းပညာကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ LG နဲ့ Sony တို့က OLED ကို အသုံးပြုနေစဉ်မှာ Samsung က QLED နည်းပညာအသစ်ကို အသုံးပြုတဲ့ တစ်ဦးထဲသော တီဗီထုတ်လုပ်သူ ဖြစ်လာပါတယ်။

QLED ရဲ့ အလုပ်လုပ်ပုံ

Samsung ရဲ့ ယခင်နှစ်ထုတ် SUHD TV များမှာ Quantum-Dot နည်းပညာကို မြင်ခဲ့ကြရပြီးပါပြီ။ Quantum Dots များဟာ အလွန်သေးငယ်တဲ့ Particles များဖြစ်ကြပြီး အချင်းအားဖြင့် ၂ နဲ့ ၁၀ နာနိုမီတာအကြားမှာ ရှိပါတယ်။ သူတို့ရဲ့ အားသာချက်က အလွန်တောက်ပကြည်လင်ပြီး အသေးစိတ်ကျတဲ့ အရောင်များကို ထုတ်လုပ်ပေးနိုင်တာပါ။ အဲဒီစွမ်းရည်က HDR Content များကို ပိုမို ကောင်းမွန်စေပါတယ်။ QLED ကတော့ Quantum Dots ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ သမားရိုးကျ LCD Panel အရှေ့မှာ Quantum Dots အလွှာတစ်ထပ် ထားရှိထားပြီး Dots များက အရွယ်အစားအပေါ် မူတည်၍ ကိုယ်ပိုင်အလင်းရောင်များ ထုတ်လွှင့်ပေးကြပါတယ်။ အဲဒီအတွက် အရောင်များဟာ ပိုမို အသေးစိတ်ကျပါတယ်။ ဒါဟာ ကိုယ်ပိုင်အလင်းရောင်ထုတ်လွှင့်တဲ့ OLED နဲ့ ဆင်တူတဲ့ စွမ်းရည်ဖြစ်ပါတယ်။

QLED Vs OLED

ယခင် Quantum Dots နည်းပညာက တောက်ပမှု အပိုင်းမှာ အကောင်းဆုံးပါ။ OLED Screen များရဲ့ အံ့မခန်းစွမ်းရည်ဟာ အသေးစိတ်ကျတဲ့ အနက်ရောင်များကို ဖန်တီးပေးတာဖြစ်ပါတယ်။ QLED နည်းပညာအသစ်က LCD Screen များကနေ OLED လို အသေးစိတ်ကျတဲ့ အနက်ရောင်များကို ဖန်တီးပေးနိုင်တဲ့ အတွက် ၂ ဖက်စလုံးမှာ စွမ်းရည်မြင့်တဲ့ နည်းပညာဖြစ်လာပါတယ်။ ဒါ့အပြင် ဘက်ပေါင်းစုံကနေ အလင်းရောင် ထုတ်လွှင့်ပေးနိုင်လာပြီး သမားရိုးကျ LCD Screen များကတော့ တစ်နေရာထဲကနေသာ အလင်းရောင် ထုတ်လွှင့်ပေးနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် QLED များဟာ အလင်းရောင်၊ ကြည်လင်ပြတ်သားမှု၊ ရှုထောင့်နဲ့ အနက်ရောင် ထုတ်လုပ်မှု အပိုင်းမှာ အလွန်ကောင်းမွန်ပါတယ်။

QLED နဲ့ OLED ရဲ့ နောက်ထပ် ကွဲပြားမှုက ဈေးနှုန်းပါ။ OLED များဟာ LCD များထက် ထုတ်လုပ်ရတာ ခက်ခဲပြီး ကုန်ကျစားရိတ်ကြီးမားပါတယ်။ Samsung က QLED TV များရဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပေမယ့် ဒါဟာ OLED TV များကို ဈေးနှုန်းအရ နောက်ကောက်ချနိုင်မယ့် နည်းပညာ ဖြစ်လာမှာပါ။

Samsung ရဲ့ QLED TV တွေ ဘယ်အချိန် ရေပန်းစားလာမလဲ?

Samsung ရဲ့ QLED TV များဟာ ပြိုင်ဖက်များထက် အဖက်ဖက်က စွမ်းရည်မြင့်တဲ့ တီဗီများ ဖြစ်လာကြမှာပါ။ ဒါပေမယ့် အားနည်းချက်က LCD Screen များကို ဆက်လက် အသုံးပြုနေရဆဲ ဖြစ်ပြီး နည်းပညာကိုသာ ဆန်းသစ်ထားပါတယ်။ နောက်ပြီး ယခုနှစ်ထဲမှာ Samsung ရဲ့ QLED TV များ ထွက်ပေါ်လာဦးမှာ မဟုတ်ဘဲ ပြိုင်ဖက် Sony နဲ့ LG တို့ရဲ့ OLED TV များသာ ယခုနှစ်မှာ ထွက်ပေါ်လာမှာပါ။ သေချာတာကတော့ Samsung ရဲ့ QLED TV များဟာ ၂၀၁၈ ခုနှစ်လောက်မှ ရေပန်းစားလာမှာပါ။

ref : trusted reviews, pocket-lint

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category