0 Shares 175 Views

Dell က ၂၇ လက်မအရွယ် မော်နီတာကို မိတ်ဆက်

Jan 07, 2017
0 175

Dell က CES 2017 မှာ ၂၇ လက်မအရွယ် မော်နီတာ တစ်လုံးကို ပြသလိုက်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ပါရှိပြီး ဒီဇိုင်နာများ၊ ဗိသုကာ ပညာရှင်များတို့လို တီထွင်ဖန်တီးသူများအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင်ရဲ့ Resolution မှာ 2560×1440 ဖြစ်ပြီး Corning Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ အခြေခံ မော်ဒယ်ကို ၁၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Dell Canvas လို့ အမည်ပေးထားပြီး မော်နီတာကို Thunderbolt or USB များကနေ ပီစီများနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

Canvas နဲ့ တွဲဖက် သုံးနိုင်တဲ့ Totems လို့ အမည်ပေးထားတဲ့ Dial ပုံသဏ္ဍာန် ကိရိယာတစ်ခုလည်း ပါရှိပါတယ်။ ပုံဆွဲနေရင်းကနေ အရောင်များနဲ့ Settings များကို ချိန်ညှိဖို့အတွက် Totems ကို လှည့်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ဟာ ဖိအားအာရုံခံမှုမှာ 2048 Points အထိ ရှိပါတယ်။

မော်နီတာကို ၁၁ ဒီဂရီအထိ ထောင်မတ်နိုင်ပါတယ်။ Dell က ၃၉၉ ဒေါ်လာတန် Stand နဲ့ တွဲဖက် သုံးရင် ၈၅ ဒီဂရီအထိ ထောင်မတ်နိုင်တယ်လို့ ပြောပါတယ်။ Dell Canvas ဟာ Microsoft ရဲ့ Surface Studio ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ref : mashable

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
990 shares72 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
258 shares39 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
521 shares157 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Most from this category