0 Shares 92 Views

သင် ဘယ်လောက် အရက်မူးနေလည်း ဆိုတာ တိုင်းတာပေးမယ့် လက်ပတ်

Jan 07, 2017
0 92

Milo Sensors က CES 2017 မှာ ဘယ်လောက် အရက်မူးနေလဲဆိုတာကို တိုင်းတာပေးမယ့် Proof လက်ပတ်ကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ လက်ပတ်များနဲ့ ဆင်တူပါတယ်။ သူက သင့်အရေပြားမှ Alcohol Molecules များကို ဖတ်ခြင်းဖြင့် တိုင်းတာပေးတာ ဖြစ်ပါတယ်။

အင်ဇိုင်းအခြေပြု Electrochemical Sensor က အယ်လ်ကိုဟောကို လျှပ်စစ်စီးကြောင်း အဖြစ် ပြောင်းလဲပေးပြီး သွေးတွင်း အယ်လ်ကိုဟော ပမာဏ (BAC) ကို Android , iOS App များမှာ ပြသပေးမှာပါ။ သူငယ်ချင်းများနဲ့ ၀ိုင်းဖွဲ့အရက်သောက်နေစဉ်မှာ သင်ဘယ်လောက် အရက်မူးနေလဲဆိုတာကို စစ်ဆေးနိုင်မှာပါ။ အရက်အလွန်အကျွံ သောက်သုံးတတ်သူများအတွက် လစ်မစ်ကို ချိန်ဆဖို့အတွက် အသုံးဝင်ပါတယ်။

သွေးတွင်း အရက်ပမာဏကို တိုင်းတာပေးနိုင်သလို နောက်ထပ် ဘယ်လောက်မူးဦးမလဲဆိုတာကိုပါ သူက ခန့်မှန်းပေးပါတယ်။ သူက သတ်မှတ်ထားတဲ့ လစ်မစ်ရောက်ရင်လည်း အသိပေးနိုင်ပါတယ်။ ဒါ့အပြင် သင်အရက်မူးပြေမယ့် အချိန်ကိုပါ သူက သိပါတယ်။ အရက်သောက်ပြီး ကားမောင်းမယ့် လူများအတွက်လည်း သူက အန္တရာယ်ကင်းမယ့် အချိန် တစ်နည်းအားဖြင့် ကားမောင်းနိုင်လောက်အောင် မမူးသေးတဲ့ အချိန်ကို အကြံပြုပေးနိုင်ပါတယ်။

သင့်ရဲ့ ချစ်ဇနီးကလည်း App ကနေတစ်ဆင့် သင့် လစ်မစ်ကို အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်ပါတယ်။ Proof ကို ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ရောင်းချဖို့ ၀က်ဆိုက်တစ်ခုကနေ ရန်ပုံငွေ ကောက်ခံဖို့ စီစဉ်နေပါတယ်။ ဒေါ်လာ ၁၀၀ ကနေ ၁၅၀ ကြား တန်ကြေးရှိမှာပါ။

ref : mashable

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Most from this category