0 Shares 160 Views

မိခင်များအတွက် စမတ်ကျတဲ့ နို့ညှစ်စက်

Jan 07, 2017
0 160

CES 2017 မှာ မိခင်များအတွက် စမတ်ကျတဲ့ နို့ညှစ်စက်တစ်လုံးကို ပြသလိုက်ပါတယ်။ Willow လို့ အမည်ပေးထားပြီး သမားရိုးကျ နို့ညှစ်စက်များလို အင်္ကျီကို လှန်ပြီး ညှစ်စရာမလိုပါဘူး။ သူ့ကို အတွင်းခံထဲမှာ တစ်ချိန်လုံး ၀တ်ဆင်ထားနိုင်ပြီး အလိုအလျှောက် နို့ညှစ်ပေးနေမှာပါ။ သူ့ထဲမှာ ညှစ်ထားတဲ့ နို့များကို သိုလှောင်ထားမယ့် အိတ်ငယ်လည်း ပါရှိပါတယ်။ ညှစ်ထားတဲ့ နို့ပမာဏနဲ့ ကြာချိန်စတဲ့ ဒေတာများကို Mobile App ကနေ ပြသပေးနေမှာဖြစ်ပါတယ်။

နို့ညှစ်ဖို့အတွက် မိခင်က App ကို သုံးစရာမလိုပါဘူး။ မိခင်ရဲ့ နို့ အခြေအနေကို သူက တွက်ချက်ပြီး အလိုအလျှောက် ညှစ်ပေးနေမှာ ဖြစ်ပါတယ်။ နို့ခံထားတဲ့ အိတ်က ပြည့်သွားရင် အလိုအလျှောက် ညှစ်နေတာကို ရပ်တန့်ပေးမှာဖြစ်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ၅ ကြိမ် ညှစ်နိုင်ပါတယ်။ ၂၀ မိနစ်အားသွင်းထားရင် တစ်ကြိမ် ညှစ်နိုင်ပါတယ်။

Willow ရဲ့ ရည်ရွယ်ချက်က မိခင်များ အလုပ်လုပ်နေရင်း၊ လှုပ်ရှားသွားလာနေရင်းကနေ နို့ညှစ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အချိန်ကုန်၊ အလုပ်ရှုပ်သက်သာစေဖို့ ဖြစ်ပါတယ်။ Willow ဟာ အရွယ်အနည်းငယ် ကြီးမားပေမယ့် တစ်စိမ်းများကတော့ ရိပ်မိမှာ မဟုတ်ပါဘူးလို့ တီထွင်သူများက ပြောပါတယ်။ မိသားစုဝင်များနဲ့ လုပ်ဖော်ကိုင်ဖက်များကသာ သတိထားမိမှာပါ။

Willow ကို အမေရိကန်မှာ ဆောင်းရာသီတွင် ရောင်းချမှာ ဖြစ်ပြီး အရွယ်အစားတစ်မျိုးထဲသာ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ရင်သား အရွယ်အစားအားလုံးနဲ့ အဆင်ပြေတယ်လို့ တီထွင်သူက ပြောပါတယ်။ FDA ရဲ့ ခွင့်ပြုချက်လည်း ရရှိထားပြီး ဒေါ်လာ ၄၂၉.၉၉ သတ်မှတ်ထားတဲ့အတွက် ဈေးကြီးပါတယ်။ နို့ခံအိတ်တစ်ခုကိုတော့ ၀.၅ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

ref : mashable

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares4 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Most from this category